🌵19🌵

15K 1.9K 664
                                    

#Unicode
ဂျွန်မိသားစုရဲ့ အိမ်၌ ဖြစ်သည်။

အိမ်အကူမိန်းကလေးတွေသည် ဟိုမှဒီ ရွေ့လျားရင်း အခန်းကျယ်တစ်ခုအား သန့်ရှင်းလို့နေ၏။
အကြောင်းရင်းက သူတို့ရဲ့ သခင်ကြီး ဂျွန်က ဒီအခန်းလွတ်အား ပရိဘောဂ ပစ္စည်းအစုံအလင်ထည့်ထားရန်အတွက် ခိုင်းစေထားသောကြောင့်ပင်။

ခုတင်ကစလို့ ခန်းဆီးလိုက်ကာအဆုံး အသစ်တွေနဲ့သာ အကုန်လုပ်စေတာမို့ အလုပ်သမားအချို့သည်လည်း အခန်းထဲ ဝင်လိုက်ထွက်လိုက်ဖြင့်အလုပ်ရှုပ်လို့နေကြ၏။

ဂျောင်ဂု မှာအလုပ်သွားရန်အတွက်အခန်းထဲက ထွက်ထွက်ချင်းမှာပင်  ဘေးအခန်း၌ အလုပ်ရှုပ်နေကြသော အိမ်အကူအချို့ကို တွေ့လိုက်ရတာမို့ မျက်မှောင်ကျုံ့မိသွားရသည်။
စောစောစီးစီး ဘာတွေများ အလုပ်ရှုပ်နေကြပါ့လိမ့်?
အရေးကြီး ဧည့်သည်များ လာစရာရှိလို့လား..?

ထမင်းစားခန်းထဲ ရောက်ခဲ့တော့ မာမီက ကျွန်တော့်ကို ကြိုဆိုသည်။

"ဟော သားနိုးလာပြီပဲ...လာ ထိုင်.."

"အပေါ်ထပ်မှာ အခန်းရှင်းနေကြတာ တွေ့တယ် မာမီ....ဧည့်သည်လာမှာ မို့လို့လား..."

အခါတိုင်းလိုပင် အိမ်ကို ဧည့်သည်လာမယ်အမှတ်နဲ့ ဂျောင်ဂု မေးလိုက်မိ၏။

"ဧည့်သည် မဟုတ်ပါဘူး...အဲ့ဒါ ဟိုကောင်လေး နေဖို့အခန်းလေ.."

ကျွန်တော့်အမေး စကား​ကို  မာမီက ခပ်အေးအေးသာတုံ့ပြန်လို့လာသည်။

"ဗျာ..!!"

"ဟုတ်တယ်လေ....မင်း အဖေပြောတာ ထယ်ယောင်းဆိုလား အဲ့ကလေးနေဖို့လို့ ပြောတာပဲ.."

မထင်မှတ်ထားသော နာမည်ကြောင့် ကော်ဖီခွက်ကိုပင် ပြန်ချထားမိသည်အထိ။

"မာမီ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....အဖေ့ကို တားပေးပါဦး.."

အဖေ သိမှတော့ မာမီလည်း ဒီအကြောင်းအရာတွေကို သိထားပြီးလောက်ပြီမို့ ဂျောင်ဂု အကူညီတောင်းလိုက်မိ၏။

"မာမီမွေးထားတာ ယောင်္ကျားကောင်း တစ်ယောက်ပါ သား....မာမီ အခုကိစ္စမှာ မင်းဘက်ကနေ နေပေးမှာမဟုတ်ဘူး....မင်းအဖေ လုပ်ခဲ့သမျှ ကိစ္စတိုင်းက အကုန်မှန်ရာတွေပဲ လုပ်ခဲ့တယ်ဆိုတာကို မင်းလည်း သိသားပဲ...ဒါကြောင့် မာမီ မ​တားနိုင်ဘူး သား.."

CACTUS....🌵[ completed ]Where stories live. Discover now