🌵49🌵

18.6K 1.9K 246
                                    

#Unicode

"သား မေမေနဲ့ခနလောက် စကားပြောရအောင်..."

"ဟုတ် မေမေ...ကျွန်တော် သမီးကို သိပ်ပြီးရင် ထွက်လာခဲ့ပါ့မယ်.."

အိပ်ပျော်နေသော သမီးငယ်ကိုပုခက်ထဲထည့်၍ သိပ်ပြီးမှ မေမေရှိရာဆီသို့ ထယ်ယောင်း ထွက်ခဲ့လိုက်သည်။

"ထိုင်ဦး သား.."

"ဟုတ်ကဲ့ မေမေ...ကျွန်တော့်ကို ဘာပြောမလို့လဲဟင်.."

"ဒေစီလေးက ဂျောင်ဂုရဲ့ သမီးဆ်ို.."

မေမေ့ထံမှ မထင်မှတ်ထားသော စကားကြောင့် ထယ်ယောင်း ခေါင်းကိုငုံ့ချထားလိုက်မိသည်။
ကြည့်ရတာ မောင့်မေမေက ပြောပြသွားခဲ့တာ ဖြစ်မည်။

"ဟုတ်လား သား.."

"ဟုတ်ကဲ့ မေမေ...ဒါပေမယ့် ကျွန်တော့်သမီးကို သူက မလိုချင်ခဲ့ပါဘူး...မတက်သာတဲ့ အခြေနေကြောင့် လက်ခံခဲ့ရရုံပါ....ကျွန်တော်နဲ့သမီးအပေါ်မှာ ကောင်းအောင်နေပါ့မယ်လို့ ကတိပေးပြီးမှ ထပ်ပြိီး ဖျက်ဆီးခဲ့သူပါ.."

Rosy သက်ပြင်းချမိသည်။
မနေ့က ဆွန်းဂျောင်းတို့သားအမိ ပြောပြသွားသည့် အမှန်တရားကို သားငယ် သိနိုင်ရန်အတွက် ယခုလို ခေါ်ပြောနေရခြင်းဖြစ်၏။

"မဟုတ်ဘူး သား....မေမေ မနေ့က အားလုံးသိပြီးပြီ...ဂျောင်ဂုဆိုတဲ့ ကလေးက အဲ့ဒီမိန်းကလေးရဲ့ ထောင်ချောက်ထဲကို ရောက်သွားခဲ့တာ....သူမဗိုက်ထဲက ကလေးကလည်း ဂျောင်ဂုနဲ့မသက်ဆိုင်တာကို အတည်ပြုပြီး အားလုံးဖြေရှင်းပြီးပြီမို့ သားဆီကို ရောက်လာခဲ့ကြတာပါ.."

သားငယ်ရဲ့ မျက်လုံးလေးတွေက အံ့သြမှုကြောင့် ဝိုင်းစက်နေခဲ့သလို နှုတ်ခမ်းပါးလေးတွေကလည်း မယုံကြည်နိုင်သလိုမျိုး ခပ်ဟဟပွင့်ရင်း ရှိနေခဲ့သည်။

"မေမေ ပြောတာတွေက အမှန်ပဲလား.."

"ဒါပေါ့သား....ဒါကြောင့် ဂျောင်ဂုက်ိုပြန်ပြီး စဥ်းစားပေးစေချင်တယ်....တစ်ခြားဘယ်လိုအရာမျိုးကိုမှ ထည့်မတွက်ရင်တောင် ဒေစီလေးအတွက်တော့ ကြည့်ပါ....ကလေးမှာ မိဘအစုံလင်ရှိသင့်တယ်လေ....မိဘမရှိလို့ မျက်နှာငယ်ခဲ့ရတာမျိုးကို သားကြုံခဲ့ရမှာပဲ...ဒါကြောင့် မေမေ့လ်ို အပြစ်မျိုးကို သားကထပ်ပြီး မခံယူချင်ပါနဲ့တော့..."

CACTUS....🌵[ completed ]Where stories live. Discover now