🌵16🌵

15.2K 1.9K 726
                                    

#Unicode
အထုတ်အပိုးတွေကို နေရာချထားပြီးနောက် ထယ်ယောင်းပြန်လာတာကို ဧည့်ခန်းထဲ၌ ထိုင်စောင့်နေခဲ့သော Liam..။

လက်မှနာရီကိုလည်း ကြည့်ရင်း  အခုထိပေါ်မလာသေးသော ကောင်လေးကို လည်တစ်ဆန့်ဆန့်ဖြင့် မျှော်နေမိသည်။
မျက်စိရှေ့က စာရွက်လေးပေါ်မှာ ခပ်သော့သော့ချရေးထားသည့် လက်ရေးလေးက ထယ်ယောင်းရေးထားခဲ့တာနဲ့တူတယ်။
"Spring Coffee shop" ဆိုပြီး ကော်ဖီဆိုင်၏ လိပ်စာလေးပါ ပါလို့နေသည်။

ထိုစာရွက်နဲ့ဘောပင်ကိုမြင်တော့ Liam ခေါင်းထဲ ဝင်လာသော အကြံတစ်ခု။
ထယ်ယောင်းရဲ့ အခန်းထဲမှာ ကလေးရဲ့အဖေနဲ့ပက်သက်ပြီး တစ်ခုခုရှိနိုင်တာမို့ ရှာကြည့်ရန် အကြံရသွားခြင်းပင်။

ပိုင်ရှင်မသိအောင်လုပ်ရမှာမို့ မကောင်းဘူးဆိုတာသိပေမယ့် ထယ်ယောင်းက လွယ်လွယ်ထုတ်ပြောမှာမဟုတ်လို့ ကျွန်တော်ကိုယ်တိုင်ပဲရှာဖွေရတော့မည်။
ဒါမှသာ ကျွန်တော့်ရဲ့ ချစ်သောလေး အဆင်ပြေဖို့ ကူညီပေးလို့ရမှာမဟုတ်လား။

အိပ်ခန်းတံခါးလေးကို အသာတွန်းဖွင့်လိုက်တော့ တစ်ယောက်အိပ်ခုတင်လေးရယ် ,နံရံကပ်ဗီရိုတစ်ခုနဲ့ စာကြည့်စားပွဲလေးအပြင် မီးအိမ်လေးတစ်ခုသာရှိပြီး သန့်ရှင်းသပ်ရပ်နေတာကို တွေ့လိုက်ရသည်။
စာရေးစားပွဲပေါ်မှာ တင်ထားသည့် စာအုပ်တွေကိုရှာမိတော့ ဘာမှထွေထွေထူးထူးမဟုတ်ပဲ ဒီအတိုင်း ခေါင်းစဥ်အမျိုးမျိုးနဲ့ စာအုပ်တွေသာ။

အံဆွဲလေးကို ဆွဲဖွင့်လိုက်တော့ Notebook စာအုပ်လေးတစ်ခုရှိလို့နေသည်။
ဒါ ဟိုတစ်ခါတုန်းက ထယ်ယောင်းမကြည့်စေချင်ခဲ့တဲ့ စာအုပ်လေးပဲ။

စိတ်ဝင်တစားဖြင့် ဆွဲထုတ်လိုက်ပြီး အသာလှန်ကြည့်မိတော့ ပထမဆုံးစာမျက်နှာမှာတင် Liam အသည်းတွေ ကွဲကြေသွားခဲ့သည်။

/ချစ်ရပါသော မောင် ဂျွန်ဂျောင်ဂုကို လွမ်းဆွတ်မိသမျှ/ တဲ့။

ထယ်...ထယ်ယောင်းက Jk ကို ချစ်နေခဲ့တာလား?
တုန်ရီနေသော လက်တို့က စာမျက်နှာနောက်တစ်ခုကို လှန်ပြီးဖတ်လိုက်မိသည်။

/မောင်က ကျွန်တော့်ရဲ့ အချစ်ဦးပါ/

ထိုခေါင်းစဥ်လေးနဲ့အတူတူ ငယ်စဥ်ဘဝကအကြောင်းအရာအချို့ကို ချရေးထားသည့်အပြင် ဂျောင်ဂုနဲ့ပြန်ဆုံသည် အထိ အသေးစိတ်ကို ရေးထားခဲ့တာ။

CACTUS....🌵[ completed ]Where stories live. Discover now