🌵33🌵

14.8K 1.8K 243
                                    

#Unicode
အနောက်တိုင်း ဝတ်စုံအပြည့်ကို ဝတ်၍ ဟိုတယ်ရဲ့အရှေ့၌ ဧည့်သည်ကို ကြိုဆိုရန် အသင့်ဖြစ်နေသော Liam..
ရွှေအိုရောင်ဆံပင်ရှည်တွေကို Pony-tail style တစ်ဝက်စည်းထားတာမို့ မြင့်မားသော အရပ်နဲ့လိုက်ဖက်လို့နေသည်။

နက်ပြာရောင် Suit သည်သူ၏ ဖြူသော အသားရည်၌ လိုက်ဖက်စွာပုံကျလို့နေပြီး ပြောင်လက်နေသော အနက်ရောင်သားရေဖိနပ်က အထက်တန်းကျမှုကို ရည်ညွှန်း၏။

ဟိုတယ်ရဲ့ CEO ကိုယ်တိုင်ထွက်ကြိုနေရသော ဧည့်သည်ကို ဝန်ထမ်းတွေအားလုံးက စိတ်ဝင်တစားဖြင့် ရှိနေကြသည်။
ဘယ်လိုလူ လာမှာမို့လို့ CEO ကိုယ်တိုင်ရပ်စောင့်နေရပါသလဲ။

Liam သည်လည်း မကြာခင်ရောက်လာတော့မည့် ဧည့်သည်အတွက် ကြိုဆိုရန်အသင့်အနေအထားဖြစ်နေခဲ့ပြီ..။
မာမီက  သူ၏သူငယ်ချင်းလည်း ဖြစ်သည့်အပြင် ဒီ company ရဲ့ ရှယ်ယာဝင်မို့ အထူးတလည်ဂရုစိုက်ရန် မှာထားတယ်ဆိုပေမယ့် အခုလာမယ့်ဧည့်သည်ကိုလည်း Liam မစိမ်းပါ။
မိသားစုတစ်ယောက်လို ရင်းနှီးပြီး Liam ကိုလည်းချစ်ခင်သူပါပင်။

မကြာခင် ဟိုတယ်ရှေ့သို့ ဆိုက်ရောက်လာသော အနက်ရောင်တန်ဖိုးမြင့် ကားတစ်စီး။
ဝင်ပေါက်အရှေ့သို့ ငြိမ့်ခနဲထိုးရပ်သွားတာနဲ့ တစ်ပြိုင်နက် Liam သည်လည်း ကြိုဆိုရန်အနားသို့သွားလိုက်သည်။
အနောက်ခန်းမှ ကားတံခါးကို ဒရိုင်ဘာမှဆင်းဖွင့်ပေးပြီးနောက် အနီရောင် ဒေါက်ဖိနပ်ကို စီးထားသည့် ခြေထောက်တစ်စုံက အရင်ထွက်ပေါ်လာသည်။

ထို့နောက် ကျက်သရေရှိသော အလှတို့ဖြင့် လှပသည့် အမျိုးသမီးတစ်ဦးထွက်ပေါ်လို့လာ၏။
အဖြူရောင် ဝမ်းဆက်က်ို ဝတ်ဆင်ထားပြီး နောက်ဆုံးပေါ် ပိုက်ဆံအိတ်ကို လက်မှာဟန်ပါပါချိတ်ထားပုံက သူမ၏အရှိန်အဝါကို ပြသနေသယောင်...။
အသက်အားဖြင့် လေးဆယ်ကျော်ရုံ မျှရှိသည့် ထိုအမျိုးသမီး၏ ခပ်ညိိုညိုမျက်လုံးတွေထဲမှာတော့ မာနတွေကင်းစင်ကာ အေးချမ်းသည့် အကြည့်တွေသာ ရှ်ိနေ၏။

ထိုအမျိုးသမီးက Liam ကို တွေ့တာနဲ့ ပန်းနုရောင် နှုတ်ခမ်းပါးတို့မှာ ပြုံးသွားလေ၏။

CACTUS....🌵[ completed ]Where stories live. Discover now