🌵22🌵

14.8K 1.9K 551
                                    

#Unicode
မနက်ခင်း လေပြေညှင်းက ပြတင်းပေါက်မှ တစ်ဆင့် အခန်းထဲသို့တိုင်အောင် သဲ့သဲ့လေး တိုက်ခတ်လို့နေသည်။
ထယ်ယောင်း မှာညတိုင်း အန်တီတိုက်သည့် အားဆေးကိုသောက်ပြီးမှအိပ်ရတာမို့ မနက်ခင်းတိုင်းကို အားအပြည့်ဖြင့် စောစောနိုးလို့နေ၏။

ဒီမှာရှိနေတဲ့ တစ်ပါတ်အတွင်း မောင့်မေမေက အများကြီး ဂရုစိုက်ပါသည်။
မောင်နဲ့ကတော့ မဆုံဖြစ်အောင်ရှောင်တာမို့ အနေရခက်တာမျိုး သိပ်မရှိနေ။

ပြတင်းပေါက်နားမှာ ရပ်၍ နေရောင်နွေးနွေးကို ခံယူရင်း စိတ်ကို လန်းဆန်းအောင် လုပ်နေမိသည်။
ထို့နောက် ဘာမှလည်း ထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် အခန်းထဲမှာထိုင်ရင်း ပျင်းရိလို့နေမိပြန်သည်။

"ဒေါက် ဒေါက် ဒေါက်.."

"ဟုတ်ကဲ့ လာပါပြီ.."

ခပ်ကျယ်ကျယ် တံခါးခေါက်သံကြောင့်  ထယ်ယောင်းပြန်လည်အသံပြုရင်း တံခါးကို သွားဖွင့်ပေးလိုက်တော့ တွေ့လိုက်ရသူက မောင်။
လက်ကိုပိုက်၍ မျက်မှောင်ကျုံ့ကာဖြင့် ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး....

"နိုးနေပြီဆိုရင် မာမီက အောက်ကို ဆင်းလာခဲ့ခိုင်းတယ်.."

ခပ်ပြတ်ပြတ်ပြောပြီး ပြန်ထွက်သွားခဲ့သော မောင်။
ထယ်ယောင်းလည်း မောင့်ရဲ့ မလှမ်းမကမ်းအနောက်နားကနေ လိုက်သွားလိုက်သည်။

အောက်ထပ်ရောက်တော့.

"ဟော...ထယ်ယောင်းက နိုးနေပြီပဲ....အန်တီလာနှိုးဖို့မအားတာနဲ့ ဂျောင်ဂုကိုပဲ ခေါ်ခိုင်းလိုက်တာ...ထိုင်လေ သား....မနက်စာ စားရအောင်.."

အန်တီပြောသလို  ခုံမှာ ဝင်ထိုင်မိတော့ မောင်နဲ့မျက်နှာချင်းဆိုင်ဖြစ်နေသည်။
မောင့်ကို မသိမသာအကဲခတ်တော့ ကော်ဖီသောက်ရင်း ဖုန်းကိုကြည့်လို့နေ၏။

"မင်းတို့အဖေကလည်း ကြာလိုက်တာကွယ်...."

"လာပါပြီ မိန်းမရေ....လာပါပြီ.."

ထမင်းစားခန်းထဲသို့ အသံနဲ့အတူတူ ရောက်လာသော သူဌေးဂျွန်။
မောင့်ဖေဖေကို ထယ်ယောင်း ကောင်းကောင်းမှတ်မိပါ၏။
ဂေဟာကိုလာတိုင်း အပြုံးချိုချိုနဲ့ ကလေးတွေအားလုံးကို မုန့်တွေဝေပေးတက်တယ်လေ။
အရမ်းကို သဘောကောင်းတဲ့ ဦးလေးကြီးပေါ့။

CACTUS....🌵[ completed ]Where stories live. Discover now