🌵43🌵

15.3K 1.8K 345
                                    

#Unicode
"အန်တီ Rosy ကြည့်ပါဦး....ဒေစိီလေးက အချောလေးနော်.."

တစ်လကျော်အရွယ် ကလေးငယ်ကို အချောလေးဟုအမွှန်းတင်နေသော Liam ကြောင့် အန်တီ Rosy ကပြုံးလို့နေသည်။
အိမ်ကိုလာတိုင်း ထိုပိစိကွေးလေးကို လက်မှမချပဲ ချီပိုးပြီး တစိမ့်စိမ့်ကြည့်ပြီးရင် လှလိုက်တာ,ချစ်စရာလေးဆိုပြီး တစ်ဖွဖွပြောနေတက်သည့်  Liam ​က လိုတာထက် သည်းလွန်းနေ၏။.

"မင်းနှယ့်ကွယ်...ကလေးအဖေထက်တောင် ပိုသည်းနေပါရောလား...လှတယ်ပြောရအောင် တစ်လသမ်ီးလေးရဲ့ မျက်လုံးမျက်ခုံး တွေက ဘယ်ပီပြင်ဦးမှာလဲ..."

"ဒါပေမယ့်လည်း ဒေစီလေးက မွေးတည်းက တကယ်လှတာ အန်တီရဲ့...အခု ကြည့်ပါလား...နှုတ်ခမ်းပါးပါးလေးတွေက ပန်းရောင်သန်းပြီး ပါးလေးတွေက နှင်းပွင့်လေးလို ဖြူဥပြီးအိစက်နေတာလေ...ဒါကြောင့် ကျွန်တော်က နူးညံ့ပြီး ဖြူစင်ခြင်းက်ိုကိုယ်စားပြုတဲ့ ဒေစီပန်းလေးတွေအတိုင်း နာမည်ကိုတောင် ဒေစီလို့ပေးခဲ့တာလေ..."

အန်တီ Rosy နဲ့ Liam တို့ပြောနေကြတာကို ဧည့်ခန်းထဲဝင်လာသော ထယ်ယောင်း ကြားလိုက်ရပါသည်။

"ဟော...သား Victoryက ကော်ဖီသွားဖျော်နေတာပဲ.."

"ဟုတ်ကဲ့ အန်တီ....ကျွန်တော် Liam အတွက် ကော်ဖီသွားဖျော်နေတာပါ...Liam ကော်ဖီသောက်လေ.... သမီးကို ကျွန်တော့်ဆီပေးပါ.."

Liam က အိပ်ပျော်နေသော သမီးငယ်ရဲ့ ပါးကို တစ်ချက်ငုံ့နမ်းပြီးတော့မှ ကမ်းပေးလို့လာသည်။
လက်ပြောင်းချီပြီး ပုခက်ထဲချပေးလိုက်တော့ အိပ်နေသည့် သမီးက တစ်ချက်သာလူးလွန့်သွားပေမယ့် နိုးမသွားခဲ့။
နို့ဘူးစို့သလို နှုတ်ခမ်းလေးကို လှုပ်စိလှုပ်စိလုပ်ရင်း  အိပ်ပျော်မြဲအိပ်ပျော်လျက်သာ။

"ဒီတစ်ခေါက်  ဘယ်နှစ်ရက်ကြာအောင် နေမှာလဲ ယမ်လေး.."

"ဒီတစ်ခါတော့ ပျော်သလောက်နေလို့ရတယ် အန်တီ Rosy ရဲ့....အလုပ်တွေကို တော်တော်များများ ဖြတ်ခဲ့တယ်...ကျွန်တော်က သမီးကိုရော,Victory ကိုပါ အများကြီး သတိရနေတာမို့လို့လေ.."

ပုခက်နားမှာရှိနေသည့် ကောင်လေးက သူ့သမီးငယ်က်ိုသာ ငုံ့ကြည့်ရင်းပုခက်လေးက်ို လွှဲပေးနေ၏။
ယမ်လေးက Victory ဆိုသည့် လူချောလေးကို စိတ်ဝင်စားနေမှန်း Rosy ရိပ်မိပါသည်။
ထိုကောင်လေးကို အိမ်ခေါ်လာတုန်းက သူမ မှတ်မိပါသေးသည်။

CACTUS....🌵[ completed ]Where stories live. Discover now