🌵42🌵

16.5K 1.9K 434
                                    

#Unicode
သုံးလခန့် ကြာသော်.......။

"ဒါက ဘယ်လိုတွေဖြစ်နေတာလဲ သားရယ်..."

သူမ အသံကြောင့် လှည့်ကြည့်လာသည့် သားတော်မောင်ရဲ့ မျက်လုံးတွေက နီရဲလို့နေသည်။
အခန်းထဲ၌လည်း ခြေချချင်စရာမရှိအောင်ပင် ရှုပ်ပွပြန့်ကျဲနေသော ပစ္စည်းတွေထဲ ဘီယာဘူးခွံတွေက အများဆုံးပင်။

"မာမီ...ထယ်...ထယ်ယောင်းကို ရှာတွေ့ခဲ့လားဟင်..?"

အနားရောက်တာနဲ့ သူမလက်တွေကို ဆုပ်ကိုင်ပြီး အားကိုးတစ်ကြီးမေးနေသည့် သား...။
ခေါင်းအသာခါပြလိုက်တော့ မျက်လုံးဝိုင်းလေးတွေက အရောင်မှိုင်းပြီး ပြန်လည် ငေးငိုင်သွားခဲ့သည်။
သားရဲ့ ဒီပုံစံကို ကြည့်၍ မိခင်ဖြစ်သည့် သူမမှာ မျက်ရည်ကျမိတော့သည်။
ငါ့သားလေးဆီမှာ ဘာကြောင့်များ ဒီလိုကံတရားတွေ ပါလာခဲ့တာလဲ..?

ထယ်ယောင်းတစ်ယောက် အိမ်ကို ပြန်မလာခဲ့သည်မှာ သုံးလရှိပြီ။
ဘယ်လိုပင် လိုက်ရှာသော်ငြား အစအနဆိုတာ မြူတစ်မှုန်စာတောင် ရှာမတွေ့ခဲ့ဘူး။
သားကိုမေးကြည့်တော့လည်း သူ့ကိုထယ်ယောင်းက အထင်လွဲသွားတယ်တဲ့။

ကျွန်တော် သူ့အပေါ်မှာ ထပ်မှားခဲ့တယ် ဆိုပြီး အရူးလို တစ်တွတ်တွတ်ပြောရင်း သားက ငိုနေခဲ့တာ..။

ဒီကြားထဲ လီနာဘီနဲ့သားရဲ့ အတူတူအိပ်နေသည့် ပုံအချို့ တက်လာပြီး သတင်း အမျိုးမျိုးရေးကာ ပုတ်ခတ်ကြသည်။
အိမ်ရှေ့ပါမချန် လာရောက်စောင့်ဆိုင်းကြသော သတင်းထောက်တွေကြောင့် မိသားစုတစ်ခုလုံး နေ့တိုင်း နီးပါး စိတ်အနှောက်ယှက်တွေ ဖြစ်ခဲ့ရသည်။

ဒီထက် ဆိုးတာက လီနာဘီမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အကြောင်းကို သိလိုက်ရတာပဲ။
ထိုအကြောင်းကိုသိသိချင်းမှာပင် သူမခင်ပွန်းက အကြီးကျယ်စိတ်ဆိုး၍ ဂျောင်ဂုကို ရိုက်နှက်ထိုးကြိတ်ခဲ့သည်။

ဒီကိစ္စတွေကို နာဘီ မိဘတွေကပါ သိသွားပြီး သူတို့သမီးကို တာဝန်မယူရင် ဂျောင်ဂုအားထောင်ချပစ်မယ် ဘာညာနဲ့ လာရောက်သောင်းကျန်းကြတော့ အခြေနေတွေက ပိုဆိုးကုန်တော့သည်။
ဂျောင်ဂုက သူ့အမှားကြောင့် ရတဲ့ ကိုယ်ဝန်မဟုတ်ဘူးလို့ ငြင်းခဲ့ပေမယ့် လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့ဂျောင်ဂုအပြစ်ဖြစ်ပြီး  မတက်သာပဲ လက်ခံခဲ့ရပါသည်။

CACTUS....🌵[ completed ]Where stories live. Discover now