🌵11🌵

15.1K 1.9K 889
                                    

#Unicode

"Liam~~"

မနက်ပ်ိုင်း အစည်းအဝေးအပြီး ရုံးခန်းထဲ ပြန်သွားဖို့လုပ်နေတုန်း ကြားလိုက်ရသည့် အသံကြောင့် လှည့်ကြည့်မိတော့ ဟန်နီဆိုသည့် မိန်းကလေး...။
Liam ရဲ့အဆက်ဟောင်းတွေအများကြီးထဲကမှ တစ်ယောက်ဖြစ်၏။

"မင်း ဒီကို ဘာလာလုပ်တာလဲ.."

"စိမ်းကားလိုက်တာ ရှင်ရယ်...ကျွန်မက ရှင့်ကို အများကြီး သတိရနေတာ...."

အတင့်ရဲစွာဖြင့် Liam လည်ပင်းမှ Necktie စကိုဆွဲ၍ သူမက ခပ်ညုညုပြောသည်။
Liam က ဟက်ခနဲ တစ်ချက်ရီ၍ထိုလက်တွေကို ဖယ်ထုတ်ကာဖြင့်...

"ဘာလဲ....ခြူစားရမယ့်သူ မရှိတော့လို့ ငါ့ကို လာရောနေပြန်တာလား..?"

မဲ့ခနဲဖြစ်သွားသည့် သူမမျက်နှာ...
ကလပ်မှာ တစ်ခါလောက် တူတူတွဲကဖူးရုံ, လျှောက်လည်ဖူးရုံလောက်နဲ့ ဒီမ်ိန်းကလေးက ဘယ်လိုပင်ခွာထုတ်ခွာထုတ် အမြဲလိုက်ပြီး ဇယားရှုပ်နေတက်တာ။
သူမက မိန်းမလည်...။
ဒါပေမယ့် တစ်ပါတ်ပြည့်အောင် မလည်သော အလကား မိန်းမ။
Liam လိုကောင်ကို လွယ်လွယ်ရမယ်ထင်ပြီး လာကပ်နေတာ တော်ရုံမျက်နှာပြောင် တိုက်မှုတော့ မဟုတ်ဘူး။

"အဲ့လို မပြောပါနဲ့....ကျွန်မက ရှင့်ကို တကယ်ချစ်တာကို အခုထိမသိသေးဘူးလား.."

"ဆောရီး...ဘောင်မဝင်တန်းမဝင်လို့  ဖယ်ထုတ်လိုက်တာကြာပြီ...ပြီးတော့ မင်းရဲ့ အချစ်က အပေါစားဆန်လွန်းတယ်..."

ကိုယ်ကို အနည်းငယ်ကိုင်း၍ သူမရဲ့ နားထဲသို့ ကပ်ပြောပြီးနောက် လှောင်ပြုံးပြုံးပြလိုက်တော့ တောက်တစ်ချက် ခေါက်၏။
ကြည့်ရတာ ဒေါသထွက်သွားတဲ့ပုံပဲ။

"ဒေါသထွက်သွားတာလား....ဘယ်လိုလုပ်မလဲ..?မင်းက အရေးမပါတာတော့ အမှန်ပဲလေ...အခု..ငါ့ ဟိုတယ်ထဲက ထွက်သွား!"

ဟန်နီက စူးစူးဝါးဝါးစိုက်ကြည့်သည်။မကျေမနပ်ဖြင့် အံတစ်ချက်ကြိတ်ပြီးနောက် ချာခနဲလှည့်ထွက်သွားခဲ့သည်။
စောစောစီးစီး တကယ့်အာရုံ...။

ထိုမိန်းကလေးထွက်သွားပြီးမှ Liam မှာ စိတ်ပျက်လက်ပျက်နဲ့ဓါတ်လှေကား တံခါးပွင့်လာဖို့ကိုစောင့်နေမိသည်။
အချက်ပေးသံနဲ့တူတူ ပွင့်လာသော တံခါးရဲ့ နောက်က မျက်နှာလှလှလေးကို မြင်တော့ Liam မှာ အလိုလိုပြုံးမိသွားသည်။

CACTUS....🌵[ completed ]Where stories live. Discover now