🌵14🌵

14.6K 1.9K 324
                                    

#Unicode
ဆရာဝန်တွေက ထယ်ယောင်းကို စမ်းသပ်နေကြတာမို့ ဂျောင်ဂုနဲ့ Liam ကအပြင်မှာ စောင့်နေရသည်။

အကယ်၍များ ကျွန်တော်သာကားနဲ့ခေါ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ။
လမ်းမှာ အခုလိုမျိုး တစ်ယောက်တည်း မူးလဲနေမှ ပိုဆိုးမှာလေ။

Liam ကဘယ်လောက်တောင် စိုးရိမ်နေသလဲဆို စကားတစ်ခွန်းတောင်မပြောနိုင်ပဲ အခန်းရှေ့မှာ ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန်လျှောက်လျက်ရှိနေ၏။
ဒီကောင်က ထယ်ယောင်းပေါ် အလေးနက်ထားတာ မြင်လေ ကျွန်တော့်စိတ်တွေက ဝေခွဲမရလေရယ်ပါ။

ကျွန်တော့်မှာ နာဘီရှိနေပြီးသားကို ထယ်ယောင်းကိုလည်း Liamဆီအပါမခံချင်သော စိတ်ကြောင့် လူကတကယ်ရူးတော့မည်။
အဲ့ဒီစိတ်ကြီးမကောင်းတာကို သိသိလျက်နဲ့ မရပ်တန့်နိုင်ပြန်။
ရှေ့ဆက်ပြီး ဘာတွေဖြစ်လာဦ်းမှာလဲ...။

"အခန်းထဲက လူနာရှင် ဘယ်သူပါလဲ.."

ဆရာဝန်နားသို့ Liam အပြေးအလွှားပင်ရောက်သွား၏။

"ကျွန်တော်ပါ ဆရာ.."

"ဒါဆို အခန်းထဲ ခနလိုက်ခဲ့လို့မရလား...တိုင်ပင်စရာလေးရှ်ိလို့ပါ..."

ဆရာဝန်နောက်သို့ Liam ပြေးလိုက်သွားတော့ ဂျောင်ဂုလည်းး လိုက်သွားရန်ပြင်နေတုန်း ဖုန်းမြည်သံကြောင့် ခြေလှမ်းတွေရပ်တန့်သွားရသည်။
Liam ကတော့ အခန်းထဲရောက်သွားခဲ့ချေပြီ။

"ပထမဆုံးအနေနဲ့ ကျွန်တော်မေးချင်တာက လူနာရှင်ရဲ့ အမျိုးသားက ဘယ်သူပါလဲ.."

"ဗျာ..."

ဆရာဝန်စကားကို Liam မှာ နားမလည်။
ဆရာဝန်က ထယ်ယောင်းကို အိမ်ထောင်သည် မှတ်နေတာလား။
အိမ်ထောင်သည်လို့ ထင်တယ်ပဲထားဦ်း...ထယ်ယောင်းရဲ့ အမျိုးသမီးလို့ သုံးနှုန်းရမယ့်အစား အမျိုးသားဆိုတာက ဘာကိုပြောချင်တာလဲ။

"သြော်....စောနကကောင်လေးရဲ့ ခင်ပွန်း,အမျိုးသားက ဘယ်သူလဲဆိုတာ သိချင်တာပါ..."

"ခနလေး....ထယ်ယောင်းက အိမ်ထောင်သည် မဟုတ်ပါဘူး..."

"ဟင်...ဒါဆို တစ်ခုခုတော့ လွဲနေပြီ.."

CACTUS....🌵[ completed ]Where stories live. Discover now