🌵21🌵

14.9K 1.9K 588
                                    

#Unicode
ရှင်းလင်းနေသော တိုက်ခန်းထဲ၌ မယုံကြည်နိုင်ခြင်းတွေဖြင့် ရပ်နေမိသော Liam...။

အလုပ်မသွားခင် ထယ်ယောင်းမျက်နှာလေးတွေ့ချင်လို့ ဝင်လာခဲ့ပေမယ့် အမောဆို့စရာ တိုက်ခန်းအခြေနေက ဆီးကြိုသည်။
အိမ်ရှင်နဲ့တွေ့လို့ မေးကြည့်တော့ မနေ့ကပဲ အခန်း ပြန်အပ်သွားခဲ့တယ်တဲ့။
ရက်မပြည့်သေးပေမယ့် ပြန်အမ်းငွေပိုက်ဆံတောင်မယူပဲ ထွက်သွားခဲ့တာတဲ့လေ။

မယုံကြည်နိုင်တာကြောင့် သော့တောင်းပြီး ဝင်ကြည့်မိတော့ တကယ်ကို ဘာမှရှိမနေသည့် အခန်းကိုသာ တွေ့ရသည်။
အိပ်ခန်းထဲသို့ ဝင်ကြည့်မိတော့လည်း ထယ်ယောင်းရဲ့ အင်္ကျီတွေလည်း ရှိမနေသလို အရာရာဟာ ခြောက်သွေ့လို့ရယ်...

ထယ်ယောင်းအစား စာကြည့်စားပွဲပေါ်မှာ  ဒိုင်ယာရီစာအုပ်လေးသာ ငြိမ်သက်စွာဖြင့် ရှိနေသည်။
မေ့ကျန်ခဲ့တာလား..?တမင်ယူမသွားခဲ့တာလား..?

ထယ်ယောင်းရေ မင်းကိုယ့်ကို ရူးအောင်လုပ်နေခဲ့တာပဲ။
မနေ့တစ်နေ့ကပဲ ကိုယ့်ကို လက်မခံနိုင်ဘူး ငြင်းပြီး အခုတော့ အပြီးခြေရာဖျောက်သွားခဲ့တာလား?
ငါ မင်းကို ဘယ်မှာလိုက်ရှာရပါ့မလဲ..?

ကြေကွဲခြင်းတွေဖြင့် ထယ်ယောင်းရဲ့ အငွေ့သက်လေးတွေကျန်ရှိနေမည့် စာအုပ်လေးကိုယူပြီးတော့သာ အပြင်သို့ ပြန်ထွက်ခဲ့လိုက်သည်။

ဘယ်မှာလိုက်ရှာရပါ့မလဲ။အနည်းဆုံးတော့ ကိုယ့်ကိုနှုတ်ဆက်သွားပါဦးလား ထယ်ယောင်းရယ်။

မျက်ရည်လည်လာမိရင်း ခေါင်းထဲ၌ တစ်စုံတစ်ယောက်ကို တွေးမိတော့ ဒေါသတို့ထွက်လာရသည်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်ထားမိသည်မှာ မေးရိုးတွေထောင်တဲ့အထိပဲ။

ဂျွန်ဂျောင်ဂု...မင်းကြောင့်...မင်းကြောင့်မို့ ထယ်ယောင်းက ဒီလိုတွေ ပင်ပန်းနေရတာ။

ငါ မင်းကို သတ်ပစ်မယ်....။
.
.
.
.
.
.
.
.
"မာမီရော..."

အရင်လို မနက်စာဝိုင်းမှာ မာမီကို မတွေ့တာကြောင့် အိမ်အကူ မိန်းကလေးကို မေးမိတော့...

"သူဌေးကတော်က အပေါ်ထပ်က သခင်လေး ရဲ့ အခန်းထဲမှာပါ.."

သခင်လေးဟူ၍ ပြောနေသော မိန်းကလေးကြောင့် ဂျောင်ဂု မျက်မှောင်ကျုံ့လိုက်မိသည်။
ကျွန်တော်အခုလေးတင် အခန်းထဲကထွက်လာတာ မာမီမှမရှိတာကို ဒီကောင်မလေး ကယောင်ချောက်ခြားနဲ့ ဘာတွေပြောနေတာလဲ?

CACTUS....🌵[ completed ]Where stories live. Discover now