🌵29🌵

15.4K 1.9K 360
                                    

#Unicode
မှန်တင်ခုံရှေ့ထိုင်ရင်း အလှပြင်နေသော နာဘီ...။
ဒီည Louis နဲ့အတူတူ ပါတီပွဲတစ်ခုတက်ရန် စီစဥ်ထားတာမို့ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။
နာမည်ကြီး ထိပ်တန်းအနုပညာရှင်တွေ တက်ရောက်သည့်ပွဲဖြစ်သလို Louis ကိုယ်တိုင်ကိုက သူမကို ပါတနာအဖြစ် ပွဲတက်ဖို့ ဖိတ်သောကြောင့် သူမမှာ ပီတိဖြစ်နေရ၏။

မှန်ထဲမှာ မြင်နေရသော မိမိပုံရိပ်ကို ကြည့်ပြီး ကျေနပ်မိသည်။
ထိပ်တန်းဘဲလေးအကမယ်ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းပဲ ချို့ယွင်းချက်မရှိ ပြီးပြည့်စုံစွာဖြင့် လှနေ၏။
ဒီလိုအလှပတွေကြောင့်ပဲ Louis ကို သူမချုပ်ထားလို့ရတာပေါ့။

Louis က မိန်းကလေးတိုင်း သဘောကျချင်စရာအခြေနေမျိုး ပိုင်ဆိုင်ထားသူမို့ သူမ လောဘတက်စွာဖြင့် ကိုယ့်အပိုင်ဖြစ်အောင် ဖန်တီးထားခဲ့သည်။
သူမ အောင်မြင်မှုအတွက်  Louis ကလည်း အဖက်ဖက်ကနေ ပံ့ပိုးပေးသူမို့  နှစ်ယောက်သား လက်တွဲညီပါသည်။

အစတုန်းကတော့ Louis ကို အသုံးချရုံဆိုပေမယ့် သူ့ရဲ့ဂရုစိုက်မှုတွေကြားမှာ ကြာတော့ သူမနှလုံးသားလည်း ယိုင်လဲခဲ့ရပါသည်။

ဒါနဲ့ ဂျွန်တစ်ယောက် သူမကို မဆက်သွယ်တာ ကြာပြီပဲ။
ဟိုတစ်ခါ Louis နမ်းတဲ့ကိစ္စကို အခုချိန်ထိ စိတ်ဆိုးနေတုန်းပဲ ထင်ပါရဲ့။
စိတ်ကုန်သွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။

ချစ်သူရှိနေပါလျက် တစ်ခြားတစ်ယောက်နဲ့တွဲနေတာကို သစ္စာမရှိတဲ့ မိန်းမလို့ပဲ ပြောပြော...
နာဘီကတော့ တစ်ယောက်တည်းကို သစ္စာရှိပြီး အရိုးဆွေးအောင် ချစ်မယ့်သူမျိုးမဟုတ်..

အပြိုင်ထားပြီး ကိုယ့်အတွက် သာတယ်ထင်ရတဲ့သူကိုသာ လက်တွဲမယ့် မိန်းကလေးမျိုး။

Louis နဲ့ ဂျွန့်ကို ရွေးချယ်ရမယ်ဆိုလျှင် သူမကတော့ တုံ့ဆိုင်းခြင်းမရှိ Louis ကိုရွေးချယ်မှာပါ။
ဂျွန့်ကို ချစ်ခဲ့ပါတယ်....သဘောထားချင်းမတိုက်ဆိုင်မှုတွေ, ညှိယူလို့မရတဲ့ နားလည်မှုတွေက လွဲမှားခဲ့ပြီဖြစ်တာကြောင့် အခုချိန်မှာ ဂျွန့်ကို လက်လွှတ်ရမယ်ဆိုလည်း သူမဘက်က လွမ်းဆွတ်နေမည် မဟုတ်ပါ။

CACTUS....🌵[ completed ]Where stories live. Discover now