🌵20🌵

15.7K 1.8K 448
                                    

#Unicode

"မဖြစ်နိုင်ဘူး ထယ်ယောင်း.....မင်းကို ကိုယ် ခွင့်မပြုနိုင်ဘူး."

Liam လက်ထဲမှ ဇွန်းနဲ့ပန်းကန်ပြား ထိသံက ခပ်ကျယ်ကျယ် ထွက်ပေါ်လို့လာ၏။
မောင့် မေမေ လာသွားသည့်အကြောင်းအား နောက်တစ်နေ့ Liam လာတော့ ပြန်ပြောပြမိ၏။
ဒါကိုသိသိချင်းမှာပင် Liam က ခါးခါးသီးသီး ငြင်းနေတာဖြစ်သည်။

"မဟုတ်မှလွဲ! မင်း အဲ့ဒီကို သွားဖို့ ဆုံးဖြတ်နေတာလား..."

"ဟင့်အင်း.....ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး..."

"မဆုံးဖြတ်ရသေးဘူးဆိုတော့ သိပ်မကြာခင် ဆုံးဖြတ်တော့မှာနဲ့ အတူတူပဲ မဟုတ်လား....ကိုယ် ခွင့်မပြုဘူးနော်.."

ဘာမှ မသက်ဆိုင်ပါပဲ အကဲပိုပြီး ကန့်ကွက်တယ်ပဲထင်ထင် အဲ့ဒီအိမ်ကို ထယ်ယောင်းအား ပို့လိုက်ဖို့အတွက် Liam စိတ်မချနိုင်တာတော့ အမှန်ပဲလေ။

"မင်း ဘယ်လိုသဘောရလဲ ထယ်ယောင်း...ကိုယ်ကတော့ မသွားစေချင်ပေမယ့် အကယ်၍များ မင်း ဆန္ဒရှိခဲ့တယ်ဆိုရင်လည်း ကိုယ်ဘာမှ မတက်နိုင်ပါဘူး.."

စောနလေးကတင် အကဲဆတ်နေသည့် Liam က လေသံပျော့ပျော့လေးပြောင်း၍ ပြောလာပြန်သည်။

Liam စိုးရိမ်တာကို နားလည်ပါတယ်။
လိုတာထက်ပိုနေခဲ့သော အကြည့်တွေ,စကားတွေကိုလည်း ကျွန်တော် ကောင်းကောင်းရိပ်မိသည်။

သူက ကျွန်တော့် အတွက် အကောင်းဆုံး မိတ်ဆွေတစ်ယောက်ပါပဲ။
ဒါပေမယ့် Liam ရယ်....ဒီထက်ပိုပြီး မဖြစ်နိုင်တာမို့ အခုတည်းက ပြတ်သားပါရစေ။

"Liam... ကျွန်တော့်ကို စိတ်ဝင်စားနေတာလား..?"

မထင်မှတ်ထားသော စကားကြောင့် Liam မှာ ကြောင်သွားရသည်။
ထယ်ယောင်းက ကျွန်တော့်ခံစားချက်တွေကို ရိပ်မိနေခဲ့ပြီလား။

ထုတ်ပြောလိုက်ရင် ဝေးကွာသွားမှာကြောက်လို့ ဖုံးကွယ်ထားတဲ့ အကြင်နာတွေဟာ မျက်ကွယ်ပြုခံရတော့မှာလား။

"ထယ်ယောင်း မင်း ဘာတွေပြောနေ.."

"အားနာပေမယ့် ကျွန်တော့်ကို  မချစ်ပါနဲ့.....Liam ပင်ပန်းရလိမ့်မယ်.."

CACTUS....🌵[ completed ]Where stories live. Discover now