🌵44🌵

14.4K 1.8K 319
                                    

#Unicode
"ဟယ်မီ....ဟယ်မီ...ဟုတ်တယ်မလားဟင်...?"

Rosy တစ်ယောက် စျေးဝယ်စင်တာမှာ အိမ်အတွက်လိုအပ်တာတွေကို ဝယ်နေတုန်း မိမိနာမည်အရင်းကို ခေါ်သံကြားလိုက်ရတာမို့ လှည့်ကြည့်မိတော့ မိမိနဲ့ရွယ်တူလောက်ရှိမည့် အမျိုးသမီးတစ်ဦး။

"ဟုတ်ကဲ့....ကျွန်မကဂိုဟယ်မီပါ...ကျွန်မကို သိလို့လားဟင်. ."

"ဟယ်မီရယ်...ငါက ဆွန်းဂျောင်းလေ....ဘူဆန်က လီဆွန်းဂျောင်းက်ို နင် မေ့လိုက်ပြီလား.."

ထိုအခါမှ Rosy ဦးနှောက်ထဲဝင်လာသည်က အနေအေးပြီး ကျစ်ဆံမြီးနှစ်ဖက်ခွဲလေးအမြဲကျစ်ကာ ချထားတက်သည့် ကျောင်းဝတ်စုံဖြင့် ချစ်စရာကောင်မလေးက်ို မှတ်မိလို့လာသည်။

"ဟယ်...ဆွန်းဂျောင်း...ငါ နင့်ကို တကယ်မမှတ်မိဘူး...အခုပြန်ဆုံရတာ ဝမ်းသာလိုက်တာဟာ.."

"ငါရောပဲ...နင့်ကို သတိရနေခဲ့တာ....ငါ အိမ်ထောင်ကျပြီး ဆိုးလ်ကို ရောက်လာတည်းက နင်နဲ့အဆက်သွယ်ပြတ်ခဲ့တာလေ...နင်အခု ဘယ်မှာနေနေလဲ...အဆင်ပြေတယ် မဟုတ်လား.."

"အခုလက်ရှိတော့ အဆင်ပြေပေမယ့် အတိတ်မှာ ကိစ္စတွေအများကြီး ရှိခဲ့တယ် ဆွန်းဂျောင်းရယ်...လာ..ငါတို့ တစ်ခုခုသောက်ရင်း စကားပြောကြမယ်...ဒါမှမဟုတ် ငါ့အိမ်က ဒီနီးနားလေးမှာပဲမို့ အိမ်ကို သွားကြမလား.."

"အေး...ကောင်းတာပေါ့....နင့်အိမ်သိထားရင် ငါအမြဲ လာလည်လို့ရတယ်.."

"ဒါဆို ခနလေးနော်....ပစ္စည်းဝယ်ထားတာတွေကို ငွေရှင်းပြီးရင် သွားကြတာပေါ့..."

"ဟုတ်ပြီ သူငယ်ချင်း.."
.
.
.
.
.
.
"အအေးသောက်ဦး ဆွန်းဂျောင်း...နင်ရော အခု ဆိုးလ်မှာပဲမလား...ကလေးရော ဘယ်နှစ်ယောက်ရှိလဲ..?"

ဆွန်းဂျောင်းအတွက် အအေးခွက်ကို ချပေးရင်းပြောတော့ သူမသူငယ်ချင်းက ပြုံးသည်။

"ငါလက်ရှိဆိုးလ်မှာပဲနေတာပါ...ငါက သားလေးတစ်ယောက်ပဲ ထွန်းကားခဲ့တာ.....နာမည်က ဂျွန်ဂျောင်ဂုတဲ့...နောက်တစ်ခေါက်လာမှ ခေါ်ခဲ့မယ်...နင်ရော...ကလေးမရှိဘူးလား.."

ကလေး...?အင်း ရှိခဲ့ဖူးတာပေါ့။
ဒါပေမယ့် ခက်ခဲတဲ့ဘဝရဲ့လမ်းတွေထဲမှာ ရွေးချယ်စရာရှိလို့ သားကို စွန့်ပစ်ခဲ့ရတာ။
အခုတော့ ဘယ်လိုပင် လိုက်ရှာပါစေ။သားကို မတွေ့ခဲ့ပါ။

CACTUS....🌵[ completed ]Where stories live. Discover now