🌵6🌵

15.7K 1.9K 978
                                    

#Unicode
အလုပ်ထဲအာရုံရောက်နေတုန်း ကြားလိုက်ရသည့် တံခါးခေါက်သံသဲ့သဲ့ကြောင့် ဝင်ခွင့်ပြုလိုက်တော့ jk ဖြစ်လို့နေ၏။

"ဟာ ...bro! ဖုန်းလည်းမဆက်ပဲ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ..?"

အားရဝမ်းသာဖြင့် Liam က နှုတ်ဆက်တော့ ဂျောင်ဂုက သဲ့သဲ့ပြုံးသည်။

"မင်း ဟိုတယ်ကို မရောက်ဖူးသေးတာကြောင့်ရော မင်းကို တွေ့ချင်တာကြောင့်ရောပါ ငါ့ကောင်ရ....အလုပ်မအားရင်လည်း လုပ်လေ.."

"ရပါတယ်...ဒါနဲ့ ငါ့အခန်းကို ရှာတွေ့သားပဲ.."

"မဟုတ်ဘူး ဟေ့ကောင်ရေ....အောက်ထပ်မှာအရင်မေးကြည့်ပြီးမှ လမ်းညွှန်လိုက်တဲ့အတိုင်း တက်လာတာ...ဒီရောက်တော့လမ်းမှာ မင်းဝန်ထမ်းတစ်ယောက်နဲ့ တိုက်မိသေးတယ်....အဲ့ဒါနဲ့ သူ့ကိုမေးပြီးမှ ရောက်လာခဲ့တာ.."

"ဟုတ်လား....ဘာပဲဖြစ်ဖြစ် ရောက်လာတာနဲ့တင် ဝမ်းသာတယ်ကွာ...ဒါဆို ငါတို့ အောက်ထပ်က ကော်ဖီဆိုင်မှာထိုင်ရင်း စကားပြောကြရအောင်....ဟိုတယ်ကိုလည်း လိုက်ပြပေးမယ်လေ..."

"အင်း သွားကြမယ်လေ.."

ဂျောင်ဂုနဲ့တူတူ  အောက်ထပ်ကို ဆင်းလာပြီး ကော်ဖီဆိုင်ကို ရောက်ခဲ့၏
ထိုင်ခုံမှာ ထိုင်ပြီးချိန်မှာတော့ ဆိုင်ထဲကနေ ဟိုတယ်ဧည့်ကြိုဌာနမှာ ထယ်ယောင်းကိုတွေ့လိုက်ရသည်။
ကျွန်တော်ကတော့ ကော်ဖီဆိုင်ထဲကနေ ဧည့်ကြိုဌာနကို လှမ်းမြင်နေရပေမယ့် ထယ်ယောင်းကတော့ သူတို့ကို မမြင်ပါ။
ဧည့်ကြိုက ဝန်ထမ်းတစ်ယောက်နဲ့စကားပြောရင်း ရီမောလို့နေ၏။

သွားလေးစိကာဖြင့် ရီနေရင်း ပုခုံးလေးကိုပါတွန့်လိုက်သေး...
ဘာတွေပြောပြီး သဘောကျနေတယ်မသိ။တစ်ခါတစ်လေ လက်ခုပ်လေးပါ တီးလိုက်သေးတာ...
ဒီအပြုံးလေးတွေက တကယ့်ကို လှနိုင်လွန်းတယ်..။
သူလေး ရီနေတာတွေ့တော့ Liam ပါ အလိုလိုလိုက်ပြုံးမိသည်။

"ဟေ့ကောင် ဘာတွေပြုံးနေတာ.."

"ဒီိလိုပဲ....သဘောကျမိလို့.."

နေရင်းထိုင်ရင်း သဘောကျလို့ဆိုပြီး ပြုံးနေသည့် Liam ရဲ့ အကြည့်တွေဆီ ဂျောင်ဂုလိုက်ကြည့်မိတော့ တွေ့လိုက်ပါပြီ လက်ခုပ်တီးရင်း ရီနေသည့် ကောင်လေးတစ်ယောက်ကို....
ဒါ စောနက သူ့ကို လိုက်ပို့ပေးတဲ့ ကောင်လေးပဲ။
မဟုတ်မှလွဲ..! ဟိုတစ်နေ့က ဆေးရုံရှေ့မှာတွေ့လိုက်တာလည်း ဒီကောင်လေးပဲ ထင်တယ်။

CACTUS....🌵[ completed ]Where stories live. Discover now