🌵31🌵

15.1K 1.9K 386
                                    

#Unicode
LA ရဲ့ နာမည်ကြီး ဘားတစ်ခု၌  လီနာဘီရောက်ရှိလို့နေသည်။
အောက်ထပ်မှာတော့ အလွန်တစ်ရာ ဆူညံသော DJ သံအချို့နဲ့ မြူးတူးကခုန်နေကြသည့် လူအုပ်ကြီးက ပွဲတော်တစ်မျှ စည်ကားလို့နေ၏။
Louis နဲ့အတူတူ ခနခနလာဖူးသော နေရာမို့ ဒီမြင်ကွင်းတွေနဲ့ ရင်းနှီးနေပြီဖြစ်သော်လည်း ဆူညံလွန်းတာကိုတော့ နာဘီမကြိုက်ပါ။

"ဒီဘက်ကို ကြွပါ ခင်ဗျာ.."

ဝန်ထမ်းကောင်လေးက သူမအားလမ်းထောင့်ချိုးတစ်ခုသို့ ညွှန်ပြပြီးရှေ့ကနေ ဦးဆောင်လျက်သွားသည်။
မှိန်ပျပျ မီးရောင်သာ ထွန်းညှိထားသော လျှောက်လမ်းတစ်လျှောက်တွင် အပျော်မယ်မိန်းကလေးများ ရှိလို့နေပြီး အားလုံးက မလုံ့တလုံအဝတ်အစားတွေနဲ့ဝိုင်ခွက်တွေ ကိုယ်စီကိုင်လျက်ပင်...

စားပွဲထိုးကောင်လေးခေါ်ဆောင်လာပေးသည်က VIP Room..။
ဒီအခန်းထဲ၌ Louis ရှိနေတာမို့ သူမ တံခါးကို အသာဆွဲဖွင့်ကာ ဝင်သွားလိုက်တော့ ဘေးတစ်ဖက်တစ်ချက်စီမှာ မဒီသုံးလေးယောက်နဲ့ယှဥ်တွဲထိုင်ရင်း အရက်သောက်နေသော Louis..။

အခုတစ်လော Louis က သူမကိုလည်း မဆက်သွယ်ပဲ အတော်လေးပျောက်ချက်သားကောင်းလို့နေသည်မို့ သူမကိုယ်တိုင် လိုက်ရှာရခြင်းပင်။
အခု ဒီကိုရောက်လာရသည့် အကြောင်းရင်းက သူမရဲ့ ကိုယ်ဝန်ကိစ္စအပြင် နောက်ပြီး သူမကြားထားသော သတင်းတစ်ခုကိုလည်း ဟုတ်မဟုတ် သေချာအောင် မေးရန်ဖြစ်သည်။

သူမကို တွေ့သည့်တိုင် စီးကရက်အသောက်မပျက်သော Louis မျက်နှာပေါ်မှာခပ်ချိုချိုအပြုံးတစ်ခုကို ချိတ်ဆွဲလို့ထား၏။

"ကျွန်မမှာ ပြောစရာရှိတယ် Louis.."

"ပြောလေ...အချစ်ရဲ့...ဘာပြောမလို့လဲ.."

"နှစ်ယောက်တည်း ပြောချင်တာ.."

Louis က ကျစ်ခနဲ စုပ်သပ်၍ စီးကရက်ကို မီးငြှိမ်းလိုက်၏။
နောက်ပြီး ဘေးက ကောင်မလေးတွေဘက်လှည့်၍...

"Hey!! Lady တို့ ခနလောက် ရှောင်ပေးကြနော်...."

"အချိန်မပြည့်သေးဘူးလေ you ကလည်း.."

"Bonus ပေးမှာပေါ့.."

Louis က ဒေါ်လာအထပ်လိုက်ကို လက်ထဲထည့်ပေးလိုက်တော့ ကောင်မလေးက Louis ပါးကို တစ်ချက်နမ်းပြီးမှ သူ့အဖော်တွေကို ခေါ်၍ ထွက်သွားလေ၏။

CACTUS....🌵[ completed ]Where stories live. Discover now