🌵45🌵

15.5K 1.9K 240
                                    

#Unicode
"အောက်ထပ်မှာ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်...CEO Liam နဲ့တွေ့ချင်လို့ပါတဲ့.."

ဟိုတယ်အောက်ထပ်မှာ Liam အား ဧည့်သည်တစ်ဦး လာရှာသည်ဟု အတွင်းရေးမှုးက ပြောလာတာကြောင့် ဘယ်သူများပါလိမ့်ဟု တွေးမိသွားရသည်။
ကြိုတင်ချိန်းထားသောသူလည်း မရှိဘူးမလား..?
Jk များလား..? JK ဆိုရင်လည်း ဒီလိုခွင့်တောင်းနေမှာတော့မဟုတ်။နောက်ပြီး သူနဲ့ကျွန်တော် စကားမပြောဖြစ်တာတောင်ကြာပြီပဲမို့ လာစရာအကြောင်းတော့ရှိမနေပါ။

"ဘယ်သူပါလိမ့်..? ရပါတယ် ဧည့်သည်ကို အခန်းထဲ လွှတ်လိုက်ပါ.."

"ဟုတ်ကဲ့.."

အတွင်းရေးမှုး ပြန်လည်ထွက်ခွာသွားပြီး သိပ်မကြာလိုက် တံခါးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

"ဟုတ်ကဲ့ ဝင်ခဲ့ပါ.."

"Hey! Liam နေကောင်းလား..?"

"ဟာ လီဂျွန်း.....ကိုရီးယားကို ဘယ်တုန်းက ပြန်ရောက်နေတာလဲ..?"

"သုံးရက်လောက်ပဲ ရှိသေးတယ်ကွ...ငါ ဒီကို မလာခင် ရှေ့ရက်တွေတုန်းက မင်းကို ဖုန်းဆက်ပါသေးတယ်...မင်း မကိုင်ဘူးလေ.."

"အေးကွာ...ငါ အလုပ်တွေရှုပ်နေခဲ့လို့ မသိတာ.."

Liam မုသား သုံးလိုက်မိသည်။
တကယ်တော့ ထယ်ယောင်းဆီမှာ ရောက်နေချိန် ကျွန်တော် ဘယ်ဖုန်းက်ိုမှ  လက်မခံတာပါ။

"အခု အလည်လား...အပြီးပြန်လာတာလား..?"

"ငါ့ ယောက္ခမတွေဆီ လာလည်တာလေ...."

ဘက်ဘက်လက်မှ လက်ထပ်လက်စွပ်အားမြင်အောင် ထောင်ပြလျက် လီဂျွန်းကဖြေသည်။
ဟုတ်သားပဲ ဒီကောင် မကြာခင်ကမှ လက်ထပ်ထားတယ်ဆိုတာကို မေ့နေခဲ့တာ။
Liamလည်း နေ့စဥ်ပုံမှန်ဘဝတွေမှာ ရှိနေပေမယ့် ပါတ်ဝန်းကျင်နဲ့တောင် အဆက်သွယ်ပြတ်နေခဲ့သလ်ိုပဲ။
ခေါင်းထဲမှာ ထယ်ယောင်းအတွက်ပဲ အမြဲ ဦးစားပေးနေခဲ့တော့ဒီလိုဖြစ်နေတာကလည်း ဆန်းတော့မဆန်းပါဘူးလေ။

"လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်ကွာ...နောက်မှ လက်ဖွဲ့ပို့လိုက်မယ်..လောလောဆယ်တော့ မင်း ညနေအချိန်ရတယ်မလား...အေးဆေးစကားပြောရင်းမင်္ဂလာပွဲကို မလာဖြစ်ခဲ့တဲ့အတွက်ဝိုင်းကြီးကြီး တစ်ဝိုင်းနဲ့ ကျေအေးပေးမလို့.."

CACTUS....🌵[ completed ]Where stories live. Discover now