🌵41🌵

15.9K 1.8K 379
                                    

#Unicode
တနင်္လာနေ့ မနက် ​ခုနှစ်နာရီတိတိ....။

ထိုင်ခုံမှာ ခြေချိတ်ထိုင်ရင်း ခုတင်ပေါ်က အိပ်ပျော်နေသော ဂျွန့်အား နာဘီထိုင်ကြည့်နေမိသည်။
ဂျွန် ရောက်မလာခင်တည်းက စားပွဲထ်ိုးလေးကို ပိုက်ဆံပေး၍ အိပ်ဆေးသုံးပြားလောက်ကို အအေးထဲ ထည့်ဖို့ ခိုင်းခဲ့တာလေ...
အခုတော့ အဲ့ဒီဆေးအရှိန်နဲ့ မနက်ရောက်တာတောင် ဂျွန်က မနိုးသေး။
ဂျွန် အိပ်ပျော်သွားတည်းက သူမရဲ့ အိမ်မှာ ခေါ်ထားခဲ့တာမို့ အခုလောက်ဆို အိမ်က ဟိုကောင်လေး စိတ်ပူနေမှာပေါ့။

စိတ်မဆိုးပါနဲ့ ဂျွန်ရယ်...။
ကျွန်မက ရှင့်ကို ပိုင်ချင်ရုံလေးပါ။

ဖုန်းကိုလည်း ဂျွန့် အင်္ကျီအတွင်းထဲကယူ၍ သူမကိုယ်တိုင် တစ်ညလုံး စက်ပိတ်ထားခဲ့တာမို့ အခု ဖုန်းကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ဆယ်ကြိမ်ထက်မနည်းခေါ်ထားသော ဖုန်းခေါ်ဆ်ိုမှုတွေက နာမည်နဲ့တစ်ကွ ပေါ်လို့လာသည်။
နာမည်နှစ်ခုတည်းကသာ အကြိမ်အရေအတွက်များစွာဖြင့် ခေါ်ဆိုထားတာမို့ ဖတ်ကြည့်မိတော့ တစ်ယောက်က Liam....နောက်တစ်ယောက်က အူဂျူလေး ပါးပါးတဲ့...။

အူဂျူလေး ပါးပါး...?
ဒါက ကလေးရုပ်နဲ့ ဟိုကောင်လေးကို ရည်ညွှန်းပြီး ခေါ်တာလား။
အူဂျူဆိုတာကရော ဗိုက်ထဲက ကလေးရဲ့ နာမည်လား?

ဂျွန်ကနော် မူးလို့မှားခဲ့တယ်သာ ပြောနေပေမယ့် အခု ဖုန်းနံပါတ်မှတ်ထားတာကအစ နူးညံ့နေပုံထောက်ရင် ငါးဆယ်ရာခိုင်နှုန်းလောက်တော့ အဲ့ကောင်လေးပေါ်မှာ စိတ်ဝင်စားနေခဲ့တာပဲ မဟုတ်လား..?

pw ခံလေ့မရှိသော ဂျွန့်ဖုန်းရဲ့ Gallery ကို မွှေတော့ သူမပုံဆိုတာ မတွေ့ရသည့်အပြင် တော်တော်များများက ဟိုကောင်လေးပုံကို ခိုးရိုက်ထားတာချည်းပဲ...။
အတော်လေးကို ဖြစ်နေတာ ဂျွန်ဂျောင်ဂုတို့က...!

ကောင်းပြီလေ....ရှင်က ကျွန်မကိုစိမ်းကားနေမှတော့ နောင်တဟာ ဘာလဲဆိုတာသိအောင် လုပ်ပေးရမှာပေါ့...။

ထိုအချိန် အချိန်ကိုက် ဝင်လာသည့် ဖုန်းက အူဂျူလေးရဲ့ ပါးပါးဆိုသော နာမည်နဲ့မို့ နာဘီ နှုတ်ခမ်းပါးတွေ တွန့်ကွေးသွားသည်။
မင်း ကိုယ်တိုင် ဆက်သွယ်လာပြီဆိုတော့ ငါ အပင်ပန်းခံစရာ မလိုတော့ဘူးပဲ...။

CACTUS....🌵[ completed ]Where stories live. Discover now