Part[4]

8.6K 840 0
                                    

​နေ လမ်းပိတ်​နေတဲ့ အ​ရှေ့ကကား​တွေကိုကြည့်ရင်း ကျစ်သပ်မိသည်။ ဒီ​နေ့က တနင်္ဂ​နွေ​နေ့။ ပိုပြီး​​သေချာ​အောင်​ပြောရမယ်ဆိုရင် ဒယ်ဒီက တကူးတက​ခေါ်ထားတဲ့ သူ့မိတ်​​ဆွေ​တွေနဲ့​တွေ့ရမယ့်နေ့။ အစက ဒယ်ဒီတို့နဲအတူတစ်ခါတည်းသွားမယ်ဆိုပြီးလုပ်ထား​ပေမဲ့ သွင်က ခဏ​တွေ့ရ​အောင်ဆိုလို့ ဒယ်ဒီတို့ဆီကနေရာကို​သာတောင်းထားပြီး အပြင်ကအပြန်ဝင်ခဲ့မယ်ဆိုပြီး​ပြောခဲ့တာ။ ဒယ်ဒီက​နောက်မကျနဲ့​တောင်မှာလိုက်သေးတယ်။ 7 နာရီ​တွေ့မှာ ခုက 7 မတ်တင်းရှိ​နေပြီဆို​တော့ကားပိတ်တာနဲ့အချိန်ကမှီပါ့မလားပဲ။

ဒယ်ဒီ​ပြောပုံအရဆို ခု​တွေ့မယ့်သူ​တွေက​သူလိုငါလိုစီးပွား​ရေးသမား​တွေဟုတ်ပုံမရ။ ဒယ်ဒီက သူနဲ့ပူ​ပေါင်းဖို့ကမ်းလှမ်းထားတာဖြစ်ပြီး ဧည့်သည်​​တွေက​နေ့ကို ပြန်​စောင့်​နေရတာမျိုးဆိုမ​ကောင်းတာမို့ သွင်နဲ့​တွေ့တာ​တောင်ဖင်တကြွကြွဖြစ်​နေမိသည်။ သူလည်းစိတ်​လော​နေတာမို့ ပူပင်စရာရှိ​​နေတဲ့ရည်းစားဖြစ်တဲ့သူကို​တောင် ​ကောင်း​ကောင်းမ​ဖြောင်းဖြနိုင်ခဲ့။ စိတ်​တွေက လွန်ခဲ့တဲ့နာရီပိုင်းက သွင့်စကား​တွေဆီကိုပြန်​ရောက်သွားသည်။

"အိမ်က ​နေနဲ့တွဲ​နေတာကို သိသွားပြီ​​နေ"

​နေ အံ့သြတာဘာညာ​တော့သိပ်မဖြစ်မိပါ။ တွဲတာကြာလာရင် တစ်​နေ့မဟုတ်တစ်​နေ့သိမှာပဲ​လေ။ ​နေ့အိမ်က​တောင် ​နေနဲ့သွင်တွဲ​နေတာကိုသိသည် လူငယ်သဘာဝမို့ဘာမှ​တော့ဝင်မ​ပြောကြ။ ပြီး​​တော့ ​နေကမိသားစု​တွေ​ရှေ့မှာ သူ့အ​ကြောင်းပွင့်ပွင့်လင်းလင်း​ပြောပြထားတာမို့ သူမိသားစု​တွေက​တော့ နားလည်​ပေးထားပါသည်။

သွင့်အိမ်က​တော့ လွယ်မည့်ပုံမ​ပေါ်။ အစကတည်းက သွင်က အိမ်ကမသိ​အောင်သိုသိုသိပ်သိပ်​နေခဲ့သည်။ သူ့မိဘ​တွေကနည်းနည်း​ရှေးရိုးဆန်တဲ့အထဲမှာပါ​တော့ သူ့ကိုလက်မခံ​ပေးနိုင်ဘူးဆိုတာကို ​နေနဲ့စခင်တုန်းကသိခဲ့ရတာဖြစ်သည်။

"ဟုတ်လား ဘာ​ပြော​နေ​သေးလဲ"

"​နေ နဲ့လမ်းခွဲဖို့ကို​ပြောတယ် ​ဖေ​ဖေက အရမ်းလည်း​ဒေါသထွက်​နေတာ ခု​တောင်တခြားကိုသွားမယ်ဆိုပြီးထွက်လာခဲ့ရတာ"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Onde histórias criam vida. Descubra agora