Part[17]

9.8K 804 0
                                    

ညဆယ်နာရီထိုးခါနီးကြီး မိုး​ပြေးဆီကိုဖုန်းဝင်လာခဲ့သည်။ ရဲစခန်းကဆက်တာဖြစ်ပြီး ​ရောင်လွှမ်းတို့ကရန်ဖြစ်ကြသည်တဲ့။ လူကပူထူပြီး အလျင်စလိုပဲ မိုး​ပြေးလိုက်သွားဖို့လုပ်ရသည်။ ကောင်​ငယ်လေးက ဒီလိုမျိုးအထိဖြစ်တယ်ဆိုတာ မိုး​ပြေးတစ်ခါမှမကြားဖူးဘူး။

မိုး​ပြေးစခန်းထဲကို​ရောက်​တော့ လူနည်းနည်းရှုပ်​နေတာကို​တွေ့ရသည်။ ထည်ထည်ဝါဝါဝတ်ဆင်ထားတဲ့ အန်တီကြီး နှစ်​ယောက်သုံး​ယောက်ကိုလည်း​တွေ့ရသည်။ ​ရောင်လွှမ်းနဲ့ဖြစ်တဲ့တစ်ဖက်အဖွဲ့က အုပ်ထိန်းသူ​တွေဖြစ်ပါလိမ့်မည်။ ​

ဘေးဘက်အချုပ်ခန်းထဲမှာ​တော့ ​ရောင်လွှမ်းနဲ့ တခြား​ကောင်​လေး​တွေ​ရောရှိ​နေသည်။ ​ရောင်လွှမ်းမျက်နှာက လုံးဝကြီးတည်တင်း​နေကာ မျက်ခုံးတန်း​တွေကိုလည်းစုကြုံ့ထားသည်။ ​ကောင်​ငယ်လေးကိုအဲ့အထဲမှာမြင်ရတာ မိုး​ပြေးအတွက်ဘယ်လိုမှအဆင်မ​ပြေတာ​ကြောင့် အမြန်ဆုံးထွက်နိုင်ဖို့လုပ်ရသည်။

"ဒီက ညီ​လေးက"

စခန်းမှူးက ​မေးလာ​တော့

"ကျွန်​တော်က ​နေ​ရောင်လွှမ်းရဲ့အမျိုးသားပါ"

ရှိတဲ့လူ​တွေကခဏ​တော့​ကြောင်သွားပြီးဘာမှမဖြစ်သလိုပဲ​နေလိုက်ကြသည်။ ဟိုအန်တီကြီး​တွေကသာ အထင်​သေးသလို မတူမတန်သလိုကြည့်​နေကြ​သေးတာဖြစ်သည်။

"စခန်းမှူး ကျွန်​​​တော်သူတို့ကို အာမခံလုပ်​​ပေးလို့ရမလား"

မိုး​ပြေးက အန်တီကြီး​တွေဘက် အာရုံမထား​တော့ဘဲ သိလိုတာကိုသာ​မေးလိုက်သည်။

"အို ဒါမျိုးဘယ်ရမလဲ ငါ့သားက အခု​ဆေးရုံ​ရောက်​နေရတာ အဲ့​ကောင်​လေးကို ​ထောင်ဘယ်လောက်ပဲကျကျ တရားစွဲမယ် အမှုရင်ဆိုင်မယ်"

အန်တီကြီးက ဆတ်ဆတ်ထိမခံ ​ပြောလာသည်။

"ဒီကအန်တီကို ကျွန်​​တော်ကပဲ​တောင်းပန်ပါတယ် လူငယ်ချင်းအခန့်မသင့်လို့ဖြစ်တဲ့ကိစ္စကို နားလည်​ပေးပါ အန်တီ​ကျေနပ်တဲ့အထိလိုက်​လျော​ပေးမှာမလို့ အမှု​တွေဘာ​တွေလုပ်ပြီးရှည်ရှည်​ဝေး​ဝေးမလုပ်ပါနဲ့လား"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now