Part[25]

9.4K 732 4
                                    

​နောက်​နေ့​ရောက်​တော့ ​​ရောင်လွှမ်းက မိုး​ပြေးအလုပ်ကို ကားနဲ့လိုက်ပို့သည်။ ည​နေ​ရောက်ရင်ပြန်လာကြိုမည်ဖြစ်ကာ တစ်ခါတည်း သူ့အိမ်ကို သွားကြမည်ဖြစ်သည်။ မ​နေ့ညကတည်းက မိုး​ပြေးလိုအပ်တဲ့အသုံးအ​ဆောင်ပစ္စည်း​​တွေထည့်ခိုင်းထားပြီးသားဖြစ်သည်။ ကျန်ခဲ့မယ့် ​ဒေါ်ကြီးမိုးနဲ့အလုပ်သမား​တွေကအစ ​နေကအဆင်​ပြေ​အောင်စီစဥ်ထားကာ မိုး​​ပြေးလှည့်ကြည့်စရာပင်မလို။

တစ်​နေ့တာ အလုပ်ထဲ​ခေါင်းစိုက်ပြီးချိန်မှာ​တော့ ​ရောင်လွှမ်းက ​ပြန်ဖို့အတွက်ရောက်​နေခဲ့ပြီ။ မိုး​ပြေးရုံးခန်းထဲထိကို တကူးတက လာ​ခေါ်​ပေးသည်။ တကယ်ဆို ကားပါကင်က​နေ ​ရောက်​နေပြီဖြစ်တဲ့အ​ကြောင်း ဖုန်း​ခေါ်တာပဲဖြစ်ဖြစ်မက်​ဆေ့ချ်ပို့တာပဲဖြစ်ဖြစ်လုပ်လို့ရရဲ့သားနဲ့။

ကား​ပေါ်​မှာရှိ​နေတဲ့တစ်​လျှောက်လုံးလည်း မိုး​ပြေးကိုဘာအ​ကြောင်းအရာတစ်ခုမှ​မေးမလာပဲတိတ်တဆိတ်​ပေး​နေသည်။ ​ရောင်လွှမ်းက တကယ်ကို အလိုက်သိတဲ့လူငယ်လေးဖြစ်သည်။ မိုး​ပြေးလည်းဘယ်​လောက်ပဲ​အေး​ဆေး​နေတတ်သူဖြစ်ပါ​စေ ဒီလိုအချိန်မျိုးမှာ​တော့ မငြီးမငြူလိုက်မ​ဖြေချင်ပါ။ လိုက်​ဖြေ​ပေး​နေရတာက ပိုပြီးစိတ်ပင်ပန်း​စေတယ်မလား။

​ရောင်လွှမ်းမိဘ​တွေအိမ်ကို​ရောက်လာ​တော့လည်း အားလုံးက ဝမ်းပမ်းတသာကြိုဆိုကြသည်။ ​ရောင်လွှမ်းရဲ့ဒယ်ဒီ​​ရော မာမီ​​ရောကလည်း​နွေး​နွေး​ထွေး​ထွေးဆက်ဆံကြသည်။ ​ရောင်လွှမ်းအကိုကြီး​နေ​ရောင်ခကလည်း မိုး​ပြေးတို့ နှစ်​​ယောက်ကို ​​နွေးထွေးတဲ့အပြုံး​တွေနဲ့ကြိုဆို​နေလျက်၊ ​ရောင်လွှမ်းရဲ့ညီမ​လေးကြည်သာ​ရောင်ကလည်း ရင်းရင်းနှီးနှီးစကား​တွေအများကြီး​ပြော​နေသည်။

အ​ပေါ်ယံ​​တွေမဟုတ်ဘဲ တကယ့်​နွေး​ထွေးမှုကိုခံစားမိတာမို့ မိုး​ပြေးရင်ထဲတင်းကြပ်မှု​တွေက ခဏတာ​ပြော​လျော့သွားသည်။ ဒီအတိုင်းဆိုရင် ဒယ်ဒီကိစ္စသေချာအာရုံစိုက်နိုင်မည်ထင်ပါရဲ့။

"သားမိုး​ပြေး ထမင်းတစ်ခါတည်းစားမလား"

"​နေပါဦးကွာမင်းကလည်း သားတို့နားပါ​စေဦး ခုမှအ​စောကြီးရှိ​သေးတာကို"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now