Part[10]

8.9K 755 1
                                    

Crown လုပ်ငန်းစုက တစ်ဦးတည်း​သောသား​က ​ယောကျာ်းတစ်​ယောက်နဲ့ လက်ထပ်သည်ဆိုတဲ့သတင်းဟာ တစ်နိုင်ငံလုံးဟိုး​လေးတ​ကျော်​ကျော်ဖြစ်​နေသည်။ အတင်းအဖျင်း​တွေကလည်းမျိုးစုံထွက်​နေသည်။ ခါးခါးသီးသီးရှုံ့ချတဲ့သူ​တွေရှိသလို ​ထောက်ခံ​ပေးတဲ့သူ​တွေလည်းရှိသည်။ Crown လုပ်ငန်းစုရဲ့ သားမက်ဖြစ်လာမယ့်သူနဲ့ပတ်သက်ပြီးလည်း အမျိုးစုံဝေဖန်ကြတာဖြစ်သည်။ အဆိုးဆုံးက Crown လုပ်ငန်းစုနဲ့ သက်ဆိုင်လာမယ့်သူဟာ Gay အဖြစ် Come out လုပ်ထားတဲ့သူဆိုပြီးသတင်း​တွေထွက်လာသည်။ အဲ့ဒီသတင်း​ကြောင့် လူ​တွေရဲ့အာရုံဟာ Crown လုပ်ငန်းစုထက် သက်ဆိုင်လာမယ့်သူကိုသာပိုပြီးအာရုံစိုက်လာကြသည်။ Crown လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှု​တွေကမနည်းမ​နောမို့ အဲ့ဒါ​တွေကိုမက်ပြီး အပိုင်ဖမ်းသည်ဆိုတဲ့စကားသံ​တွေနဲ့ သို့​လောသို့​လော စကား​တွေဟာ​ပေါ်​ပေါက်လာသည်။

အဲ့ဒီစကား​တွေဟာ ​နေ​ရောင်လွှမ်းရဲ့စိတ်ကို အဆုံးအစွန်ထိ အ​ရောက်ပို့​ပေး​နေသလိုပင်။ လူ​တွေက အ​ကြောင်းအရင်း​သေချာမသိကြဘဲပြောဆိုဝေဖန်ဖို့ဆိုရင် အရမ်းတက်ကြွ​နေတတ်သည်။ ဒယ်ဒီ၊ မာမီနဲ့ အစ်ကိုကြီးကလည်း အဲ့ဒီသတင်း​တွေ​ကြောင့်မျက်နှာမ​ကောင်းကြပါ။ မိသားစုဝင်​တွေမျက်နှာငယ်​နေရ​တော့ ​နေ့စိတ်​တွေကပိုဆိုးသည်။

"သား ​သေချာပြင်ပြီးပြီးလား ပွဲအချိန်ကနီး​နေပြီ"

နား​နေခန်းထဲမှာရှိ​နေ​သေးတဲ့ ​နေ့ဆီကို မာမီက​ရောက်လာသည်။ ​နေထရပ်လိုက်​တော့မာမီက ​​နေ့ရဲ့အဖြူ​ရောင် suit ကို ပြုပြင်​ပေးနေသည်။

​ဒေါ်မိုးမာလာ သူမသား​လေး​ကောင်းဖို့အတွက်သာမဟုတ်ရင် သူမဒီကိစ္စကိုသ​ဘောမတူချင်ပါ။ အသက်ငယ်ငယ်လေးနဲ့လည်း သူများဆီကိုမ​ပေးလိုက်ချင်။ သား​လေးက wedding ကိုမြန်မြန်လုပ်ချင်တယ်လို့​ပြောလာ​တော့​တောင်သူမအံ့သြရ​သေးသည်။ လူငယ်ချင်းသ​ဘောကျလို့ဖြစ်မှာပါ​လေဆိုပြီး သူမစိတ်​အေးခဲ့ရသည်။ အခုလိုသတင်း​တွေထွက်လာ​​တော့ သား​လေးစိတ်မ​ကောင်းဖြစ်​နေသည်ထင်ပါရဲ့ wedding ​နေ့ကြီးမှာ​တောင်မျက်နှာက မလန်း။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now