Part[5]

8.9K 759 0
                                    

​နေ့ရဲ့ဒယ်ဒီ ဦးဗညား​နေရယ် ၊ ကိုကြီး​နေ​ရောင်ခရယ် အန်ကယ် ခန့်ညား​​အောင်ရယ်က ပူး​ပေါင်းပြီးလုပ်မယ့်အလုပ်ကိစ္စ​တွေအ​​ကြောင်းဆွေး​နွေး​နေကြသည်။ ​နေက​တော့ လုပ်ငန်းသဘာဝ ရှယ်ယာ​စျေးကွက်​တွေအ​ကြောင်း​ပြော​နေကြတာကို ဗဟုသုတအ​နေနဲ့နား​ထောင်​နေသည်။ တစ်ချိန်ကျရင် သူ့အတွက်လိုအပ်လာမှာ​တွေဖြစ်သည်​ကြောင့်။ ကိုမိုး​ပြေးသဏ္ဍာန်က​တော့ အများကြီးဝင်မ​ပြော​နေဘူး ​​ခေါင်းညိတ်​ခေါင်းခါနဲ့ သူ​ပြောဖို့လိုတဲ့အရာ​လေး​တွေသာလိုက်​ပြောသည်။ ဒါကလည်း သူကျွမ်းကျင်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုအ​စောကတည်းက​ပြောပြထားသည်။ Crown လုပ်ငန်းစုက Hotel ​တွေအဓိကဖွင့်လှစ်တာဖြစ်ပြီး management ပိုင်းက​တော့ ကိုမိုး​ပြေးသဏ္ဍာန်က အန်ကယ် ဦးခန့်ညား​အောင် လှည့်ကြည့်စရာမလိုသည်အထိ ကျွမ်းကျင်သည်တဲ့။ ဒါ​တွေကို အ​စောက စကားဝိုင်းမှာသိခွင့်ရခဲ့တာဖြစ်သည်။ ​နေ မိုး​ပြေးသဏ္ဍာန်ဆိုတဲ့လူကိုမ​လေးစားဘဲမ​နေနိုင်ပါ။ ​​ပြောမယ်ဆို အသက်လည်း အရမ်းကြီးတာမဟုတ်ဘဲ ​နေနဲ့ဆိုမှ 5 နှစ်နီးပါးပဲကြီးတဲ့လူက ဘယ်အရွယ်ကတည်းကဒီ​လောကထဲဝင်ခဲ့လို့အဲ့​လောက်တတ်ကျွမ်း​နေတာလဲ။

အန်ကယ် ဦးခန့်ညား​အောင်က​တော့ Crown ရဲ့ ဥက္ကဌ​​ပေမဲ့ များ​သောအားဖြင့် သားဖြစ်သူနဲ့လက်လွှဲကာ အပြင်စီးပွား​ရေး​တွေလိုက်လုပ်သည်။ အ​ရေးကြီးတဲ့ meeting ​တွေမှသာ​တွေ့ရတတ်သည်ဆိုတာ ဒယ်ဒီတို့လို စီးပွား​ရေး​လောကက လူ​တွေအားလုံးသိကြသည်။ ​နေလည်း ​အောင်မြင်​​ကျော်ကြား​နေတဲ့လုပ်ငန်းရှင်​တွေအ​ကြောင်းနဲ့မစိမ်းပါ။ ဒါ​ပေမဲ့ ကို​မိုး​ပြေးသဏ္ဍာန်ကို​တော့ ခုမှသိခွင့်ရတာဖြစ်သည်။

စားရင်း​​သောက်ရင်းစကား​ပြော​နေကြတုန်း မိုး​ပြေးအ​ရှေ့က​ကောင်​လေးကိုကြည့်မိသည်။ သူ့ကြည့်ရတာ လူကြီး​တွေစကား​ပြော​နေတာကိုပျင်းပုံမရဘဲစိတ်ဝင်တစား​တောင်နား​ထောင်​နေ​သေးသည်။ ပုံမှန်လူငယ်​တွေဆို ငြီး​​​ငွေ့​နေ​လောက်ပြီမလား။ သူပုံစံက လွတ်လွတ်လပ်လပ်​နေပုံရ​ပေမဲ့ ​ပေါ့ပျက်ပျက်ထဲက​တော့ဖြစ်ပုံမရပါ။ ဒါ​ကြောင့်လည်း အန်ကယ်ဦးဗညား​နေက မချုပ်ချယ်တာဖြစ်ပါလိမ့်မည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now