Part[7]
8.1K 775 3
ခမ်းခမ်းနားနား Hotel ကြီးတစ်ခုရဲ့ hall ခန်းမထဲမှာ ဒင်နာပွဲတစ်ခုကိုပြုလုပ်​နေကြသည်။ ဒင်နာ ဆို​ပေမဲ့ လူအနည်းငယ်သာမဟုတ်ဘဲ အရွယ်စုံ စီးပွား​ရေးသမား​တွေနဲ့အပြည့်ဖြစ်သည်။ ဒင်နာ အပြင်အဆင်က အရမ်းလည်းဒိတ်မ​အောက်သလို အရမ်းလည်း​ခေတ်​ရှေ့​ပြေးမ​နေပါ။ ဒီလိုပွဲမျိုး​တွေရဲ့ထုံးစံအတိုင်း စီးပွား​ရေးအတွက်အခွင့်အလမ်း​တွေအ​ကြောင်းရယ် သတင်းရယူတာမျိုး​တွေကို စကားဝိုင်းများတွင် အဓိက​ပြောဆို​နေတာဖြစ်သည်။
​နေ ဒယ်ဒီတို့နဲ့အတူလိုက်ဝင်လာရင်း ပွဲထဲကို မျက်လုံး​တွေ​​ဝေ့ဝဲကာရှာ​နေမိသည်။ အခုထိ ကိုမိုး​ပြေးသဏ္ဍာန်ကိုမ​တွေ့ရ​သေး။ ဒယ်ဒီတို့ကို လူတစ်​ယောက်က စားပွဲဝိုင်းတစ်ခုကို ​ခေါ်သွား​ပေးသည်။ ဦးခန့်ညား​အောင်နဲ့ တခြားလူကြီးနှစ်​ယောက်ရှိ​နေတဲ့ဝိုင်းဖြစ်သည်။ အန်ကယ်ခန့်ညားနဲ့ဒယ်ဒီတို့က နှုတ်ဆက်​နေကြပြီး အဲ့ဒီဝိုင်းမှာပဲ ​နေတို့ဝင်ထိုင်လိုက်သည်။ သူ့အ​ဖေ ရှိတဲ့ ဝိုင်းကို​တော့လာ​လောက်တယ်မလား။ ဒါမှမဟုတ် မလိုက်လာတာများလား။
ဒယ်ဒီတို့ စကား​ပြော​​နေတာကို ခဏနား​ထောင်ပြီးချိန် ​နေ မ​နေနိုင်စွာဘဲ​မေးခွန်းထုတ်လိုက်မိသည်။
"အန်ကယ် အစ်ကိုမိုး​ပြေးက မလိုက်လာဘူးလား"
"လိုက်လာပါတယ်သား​နေ ဒါ​ပေမဲ့ သားက ဒီပွဲရဲ့တာဝန်ခံဆို​တော့ အ​စောနကထိ အလုပ်များ​နေတာ အခု​တော့ နားအုံးမယ်ဆိုပြီး အ​ပေါ်ဆုံးထပ်တက်သွားတယ်"
​နေ သတိတချက်လွတ်သွားတာ ဒီ hotel ​​ရှေ့ရောက်ကတည်းက  Crown ဆိုတဲ့စာတန်းကြီးကို ခမ်းခမ်းနားနားကြီးမြင်​နေရသည်။ Crown က အစ်ကိုမိုး​ပြေးတို့ ပိုင်တာဆို​တော့ သူတာဝန်ယူ​ပေးထားတာမဆန်းပါဘူး။ အ​စောနက ပါတီအပြင်အ​ဆင်ကို ဘာမှမ​တွေးမိ​ပေမဲ့ အခု​တော့ အမှတ်​ပေးချင်လာသည်။ မဆန်းမပြား ပြင်ဆင်မှုကပင် တစ်ခုခုဆွဲ​ဆောင်ထားသ​ယောင်။ ကိုမိုး​ပြေးကလည်း အဲ့ဒီအတိုင်းပဲ ရိုးရိုး​လေးဝတ်တဲ့ပုံကပင် သူနဲ့မှ ဆန်းဆန်း​လေးဖြစ်​နေတတ်သည်။
"​သြော် ဟုတ်လား ဒါဆို ဒယ်ဒီတို့ ဒီမှာစကား​ပြောတာကြာအုံးမှာမလား ကျွန်​တော် အစ်ကိုမိုး​ပြေးကိုသွားနှုတ်ဆက်လိုက်အုံးမယ်"