Part[27]

9.5K 743 2
                                    

ဘဝမှာ ခက်ခဲမှု​တွေတစ်ပြိုင်တည်း ကြုံဆုံရမယ်လို့မိုး​ပြေး တစ်ခါမှမ​​တွေးဘူးခဲ့။ ​ပြေလည်​အောင်ကြိုးစားပြီး​ဖြေရှင်း​နေ​ပေမဲ့ ပိုပြီး​တော့သာဒုက္ခတွင်းထဲကျသွားသလို။ မိုး​ပြေးမှာ ဒယ်ဒီလွတ်ဖို့အတွက်နည်းလမ်းနှစ်ခု​တော့ရှိသည်။

တရားခံကိုအမြန်ဆုံးရှာ​တွေ့ဖို့ရယ် ​နောက်တစ်ခုက အလိမ်ခံရသူ​တွေအားလုံးက ဒယ်ဒီ့ဘက်ကို မတင်းကြပ်​အောင် ကြိုးစားဖို့ရယ်ဖြစ်သည်။ တရားခံကိုရှာ​တွေ့ရင်က အမှုက​နေကွင်းလုံးကျွတ်​လွတ်​မြောက်မည်ဖြစ်၍ အလိမ်ခံရသူ​တွေကို စည်းရုံးနိုင်တဲ့အခါကျရင်​​တော့ ဒယ်ဒီ့အတွက်အာမခံရရှိမှာမျိုးဖြစ်သည်။ ခုက တရားလိုဘက်က လူ​တွေများ​နေ​တော့ ​အ​ခြေအ​နေအ​နေ​တွေတင်းမာ​နေတာ၊ မိုး​ပြေးက ဥပ​ဒေဘက်ကလိုအပ်တဲ့သူ​တွေကို ​ပေး​ကျွေးပြီးဖြစ်​​ပေမဲ့ အာမခံက လုပ်ချင်တိုင်း လုပ်လို့မရ​သေး​ပေ။ ဒါကပုံမှန်ဆို လာဘ်ထိုးတာမျိုးဖြစ်​ပေမဲ့၊ မလုပ်သင့်ဘူးဆိုတာလည်းသိ​ပေမဲ့ ဒယ်ဒီဘက်က မှန်​နေတာ​ကြောင့်ရယ် မိုး​ပြေးရဲ့ဒယ်ဒီဖြစ်တယ်ဆိုတဲ့တစ်ချက်နဲ့တင် မိုး​ပြေး​နောင်တမရ။ တရားလိုဘက်ကသာနည်းနည်း​အ​လျှော့​ပေးလိုက်တာနဲ့ မိုး​ပြေး ​ပေး​ကျွေးထားတဲ့သူ​တွေကအာမခံလုပ်​ပေးဖို့အဆင်သင့်။ ဒီလိုအ​ခြေအ​နေအထိ​ရောက်​အောင်လည်း မိုး​ပြေး​ပေးထားတာက နည်းနည်း​နော​နော်မဟုတ်ပါ။

အခုက မိုး​ပြေး အ​ခြေအ​နေနှစ်ခုလုံးကို ​ဆောင်ရွက်​နေပါလျက်နှင့် ဘယ်ဟာကမှအဆင်မ​ပြေနိုင်​သေး​ပေ။ အလျင်လို​နေမှ အရာရာက ​နှောင့်​နှေး​နေသလိုပင်။ တရားခံကိစ္စကလည်း ဘယ်မြို့နယ်ကစခန်း​တွေကမှ​အ​ကြောင်းမပြန်လာ​သေးတဲ့အပြင် တခြားအပြင်အဖွဲ့စည်းနဲ့ရှာ​နေတာကလည်း ဘာမှမထူးရှား​သေး။

ဒီဘက်ကလိုက်စည်းရုံးရတာလည်း အ​​တော်အတန်ခရီး​ပေါက်​နေပြီဖြစ်​ပေမဲ့ ​​လိုရင်းမ​​ရောက်နိုင်။ အဓိကက​တော့ ​ငွေပဲဖြစ်သည်။ ​​တော်တော်များများက မို​ပြေးဘက်ကအိတ်စိုက်​ပေးမှာကိုပင် တစ်ခါတည်းအပြည့်လိုချင်ကြ​သေးသည်။ တစ်ခါတည်းအပြည့်မ​ပေးပြန်ရင်းလည်း ဟိုရက်ချိန်းဒီရက်ချိန်းနဲ့ တစ်ခါတည်းနဲ့မပြီးဆုံးနိုင်။ တစ်ခါတည်း အပြည့်မ​ပေးချင်လို့မဟုတ်​ပေမဲ့ လိုချင်တဲ့သူ​တွေက တစ်ဦးတည်းမဟုတ်ပြန်​တော့မိုး​ပြေးအတွက်ခက်ခဲရသည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now