Part[29]

10K 720 10
                                    

နှစ်ရက်​မြောက်ကို​ကျော်လွန်ပြီး​တော့ မိုး​ပြေးအတွက် ဒုတိယအကြိမ်​မြောက် Rain Construction ကိုခြေချခဲ့ရပြန်သည်။

"ဪ အစ်ကိုလာ Boss ရုံးခန်းထဲကခဏထိုင်​စောင့်​ပေးပါ​နော် Boss နဲ့ အတွင်း​ရေးမှူးအစ်ကိုက ဆိုဒ်​တွေဘက်က​​နေအခုမှပြန်လာတုန်းမလို့ပါ"

"အင်းပါ ရပါတယ် ကိုယ်​စောင့်နိုင်ပါတယ်"

"ဟုတ်ကဲ့ပါရှင့် အဲ့ဒါဆို Boss ရုံးခန်းထဲက​​နေစောင့်​​​နေပေး​ပါ​​နော် ကြွပါရှင့်"

မိုး​ပြေးကို ရုံးခန်းထဲထိ ​ကောင်မ​လေးကလိုက်ပို့ကာ ​​သေချာ​နေရာချ​ပေးပြီး ပြန်ထွက်သွားသည်။ ခန့်ထည်လှတဲ့ ရုံးခန်းအသွင်အပြင်ကို တစ်ချက်​လေ့လာကြည့်​နေလိုက်သည်။ ခပ်ကျယ်ကျယ်ရုံးခန်းက ပရိ​ဘောဂအများကြီးနဲ့ပြင်ဆင်ထားခြင်းမရှိဘဲ လိုအပ်သည်များကိုသားရှင်းရှင်းလင်းလင်းထားရှိထားသည်။ ပြီး​​တော့ထူးရှားတာတစ်ခုက ကြမ်းခင်းကစပြီး​တော့ ဆိုဖာခုံ စားပွဲခုံ​တွေနဲ့ ခန်းစီးလိုက်ကာ​တွေကအစ ဖိုင်​တွေထားရှိရာဗီရိုအဆုံး အနက်​ရောင်တစ်ခုကိုသာအသုံးပြုထားသည်။ တစ်ခန်းလုံးက အနက်​ရောင်​ပြောင်လက်​နေပြီး သပ်သပ်ရပ်ရပ်ဖြစ်​နေ၍ ပိုပြီး​တော့ခန့်ထည်​နေသလိုမျိုးပင်။

ဟိုကြည့်ဒီကြည့် ခဏကြည့်ပြီး​တော့ ကိုယ်​ဆွေး​​နွေးချင်တဲ့အ​ကြောင်းအရာ​တွေပါတဲ့ဖိုင်တွဲကိုပြန်စစ်​နေလိုက်သည်။ ဒါမှ သူများရုံးခန်းထဲထိုင်ပြီး ​ကြောင်​တောင်​တောင်မဖြစ်​နေမှာ။

မိနစ်နှစ်ဆယ်နီးပါး​လောက်​စောင့်ပြီးတဲ့အချိန်မှာ​တော့ ရုံးခန်းနားကို​ရောက်ရှိလာတဲ့ ​ခြေသံအချို့ကိုကြားရသည်။ သူတို့ Boss နဲ့အတွင်း​ရေးမှုး​ရောက်လာပြီထင်သည်။ မိုး​ပြေးနှုတ်ဆက်ဖို့အတွက်နဲ့ ထရပ်ထားလိုက်ပြီး ကိုယ်ကိုပြုပြင်​နေလိုက်သည်။ မိုး​ပြေးက ဒီလိုမျိုးပူ​ပေါင်း​ဆောင်ရွက်ဖို့ကို ဘယ်တော့မှကမ်းလှမ်းဖူးခဲ့တာမဟုတ်တာ​ကြောင့် အဆင်မ​ပြေဖြစ်သွားမှာကို​တော့စိုးရိမ်​နေမိပါသည်။

တံခါးဖွင့်ပြီး ဝင်လာကြ​တော့

"မင်္ဂလာပါ ကျွန်​တော်က Crown က... ဟင် ​ရောင် ​ရောင်လွှမ်း"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now