Part[21]

9.7K 780 3
                                    

အဝတ်လဲခန်းထဲ၌ မိုး​ပြေး ဒင်နာသွားဖို့အတွက် ပြင်ဆင်​နေချိန် ​ရောင်လွှမ်းက ခါးမှာတဘက်တစ်ထည်သာပတ်ထားလျက်နဲ့ဝင်လာသည်။ ကြည့်ရတာ အခုမှ​ရေချိုးပြီးလာပုံ ​ခေါင်း​ကိုလည်း​လျှော်လာပုံရကာ အဖြူ​ရောင်တဘက်တစ်ခုနဲ့ ဆံပင်ကုပ်ထောက်​တွေကို သုတ်​နေသည်။

မိုး​ပြေးက နီညို​ရောင်  suit ကို ဝတ်မှာဖြစ်ပြီး အခု​လော​လောဆယ်​တော့ အတွင်းကခံဝတ်တဲ့ ရှပ်အဖြူ​ရောင်သာဝတ်ထားရ​သေးသည်။ နီညို​ရောင်ကုတ်က​တော့ မဝတ်ရ​သေး။ ​​ရောင်လွှမ်းဝင်လာတဲ့အချိန်က ကိုယ်အ​ပေါ်ပိုင်းဗလာကို အင်္ကျီဝတ်​နေတဲ့အချိန်ဖြစ်၍ မိုး​ပြေး အသားတစ်ချို့ကို ​ကောင်ငယ်​လေးမြင်သွားမှန်းရိပ်မိလိုက်ပါသည်။ ပုံမှန်ဆို ဒီလိုမြင်တာဟာကိစ္စမရှိ​ပေမဲ့ အခုက မိုး​ပြေးခန္ဓါကိုယ်မှာ အနီ​ရောင်အကွက်​တွေ ဟိုတစ်ကွက် ဒီတစ်ကွက် ခပ်စိပ်စိပ်ရှိ​နေ​သေးတဲ့အချိန်ဖြစ်တာ​ကြောင့် အနည်းငယ်တော့ မျက်နှာပူမိသည်။ မိုး​ပြေးနည်းတူ​ကောင်ငယ်​လေးက မိုး​ပြေးကိုယ်​ပေါ်က အနီ​ရောင်အကွက်​တွေအ​ကြောင်း​တွေး​နေခဲ့တယ်ဆိုတာ​တော့ မိုး​ပြေးမရိပ်မိခဲ့။

​နေ အဝတ်လဲခန်းထဲဝင်လာလာချင်း ထိုလူကအင်္ကျီကို အလျင်အမြန်ဝတ်လိုက်တာကို​တွေ့ရသည်။ ထိုလူက တစ်စုံတစ်ရာကိုမမြင်​စေချင်လို့လားမသိ မြင်ဖြစ်​အောင်ကိုမြင်သွား​သေးသည်။ အဲ့ဒီအကွက်​တွေက အ​ရောင်​တောင်မှိန်​တော့မှာပဲ ဒီ​နေ့ည ထပ်ထင်း​အောင်လုပ်ထားရမယ်လို့ ​နေ့စိတ်ထဲ​တွေးထားလိုက်သည်။

"​ရောင်လွှမ်း ​ခေါင်း​ပြောင်​အောင်သုတ်​လေ ဒါမှမဟုတ်ကိုယ် dryer နဲ့မှုတ်​ပေးရမလား"

​ကောင်ငယ်​လေးက ​ခေါင်းကို စိတ်မပါလက်မပါပုံစံနဲ့ သုတ်​​နေကာ လက်တစ်ဖက်မြှောက်လိုက်တိုင်းမှာ ကြွက်သား အ​မြောင်း​တွေကလှုပ်ရှားသွားသည်။ လက်​မောင်းကြွက်သား​တွေ ဗိုက်ကြွက်သား​တွေကလည်းအထစ်ထစ်။ ထိုမှတစ်ဆင့် တဘက်ပတ်ထားတဲ့​နေရာ ဆီးစပ်​​ဘေးမှာ​တော့ ​ယောကျာ်း​လေးတိုင်း လိုချင်ရတဲ့ V line။  မိုး​ပြေးက အရပ်သာရှည်​ပေမဲ့ ခန္ဓါကိုယ်မှာ​တော့ ဘာကြွက်သားမှရှိမ​နေဘဲ ပုံမှန်ပဲဖြစ်သည်။ အရပ်ရှည်တယ်ဆိုတာ​တောင် ​ကောင်​ငယ်လေးရဲ့နားရွက်နားကိုပဲမှီသည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now