Part[28]

9.7K 717 6
                                    

​နေ တစ်​ရေးနိုးလာတဲ့အချိန်က ည ၁၂နာရီခွဲ​ကျော်။ ​ဆေး​သောက်ပြီး အိပ်လိုက်လို့လား​တော့မသိ တစ်ကိုယ်လုံး​ပေါ့ပါး၍​နေသည်။ ဟိုလူက ​ရေပတ်တိုက်​ပေးထားလို့လည်းဖြစ်မည်။ ​ဘေးနားက အိပ်ယာက ​အေးစက်​နေသည်၊ ဘယ်အချိန်တည်းက ​ဘေးကလူကမရှိ​နေတာလဲ။ ဒါမှမဟုတ်ဝင်ကိုမအိပ်ရ​သေးတာလား။

အာရုံ​တွေကပ်ပြီး အခန်းထဲတစ်ချက်​ဝေ့ကြည့်​တော့ ဆိုဖာခုံမှာအလုပ်ထိုင်လုပ်​နေသည့်သူကို​တွေ့ရသည်။ ခုချိန်ထိ အလုပ်​တွေလုပ်​နေ​သေးတာလား။

မိုး​ပြေး အတွက်တစ်ဖက်မှာအဆင်​​ပြေ​နေပြီဆို​ပေမဲ့ Crown ကို​ဖြေရှင်းဖို့က ကျန်​နေ​သေးသည်။ ရှယ်ယာ​စျေးကျ​နေတာကတစ်​ကြောင်း ရှယ်ယာရှင်​တွေကလည်း အမျိုးမျိုးဖိအား​ပေး​နေကြသည်။ မိုး​ပြေးမှာ​လော​လောဆယ် သူတို့ကိုဖိထားနိုင်တဲ့အင်အားမရှိသေး။ ဒါ​ကြောင့်မို့ background ရယူနိုင်ရနိုင်အတွက် လူတစ်​ယောက်နဲ့​တွေ့ဖို့ချိန်းဆိုထားသည်။ ထိုလူက မိုး​ပြေး​တောင်းဆိုတာကိုလက်ခံမခံ​တော့မသိနိုင်​သေးပါ။ မိုး​ပြေးဘက်က​တော့ လိုအပ်တာ​တွအားလုံးကို ပြင်ဆင်ထားရသည်၊ ကုမ္ပဏီရဲ့ တစ်နှစ်စာဝင်​ငွေထွက်​ငွေစာရင်း​တွေ၊ ဘယ်​လောက်ထိအမြတ်ရလဲဆိုတာ​တွေ။ တစ်ဖက်လူက လက်ခံချင်​​အောင်ဘယ်လို​ပြောဆိုရမလဲဆိုတာကအစ ​တွေး​တော​နေရသည်။

"ဘာလုပ်​နေတာလဲ မအိပ်​သေးဘူးလား"

အလုပ်ကိစ္စထဲ အာရုံ​ရောက်​နေချိန် ကြားလိုက်ရတဲ့အသံ။ ​ရောင်လွှမ်းက နိုးလာတာလား။

"ကိုယ် လတ်စသတ်စရာ​လေးနည်းနည်းကျန်​နေ​သေးလို့"

"​တော်လိုက်​ပြီး​ လာအိပ်​တော့"

"ရပါတယ် ​​ရောက်လွှမ်းအိပ်နှင့်ပါ ကိုယ်ဒီမှာပဲ.."

ဆိုဖာမှာပဲအိပ်မယ်လို့​ပြောလာမယ့်သူ​ကြောင့် ​နေ့စိတ်​တွေဆွဲဆန့်လိုမရ​တော့။ ထိုလူအနီးနားထိသွားလိုက်ကာ ​ကောက်​ပွေ့ပစ်လိုက်ပြီး။

"ကျွန်​​တော်တို့က အခုထိ အိမ်​ထောင်ဘက်​​အ​နေနဲ့ပဲရှိ​သေးတယ်​နော်"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now