Part[6]

8.5K 770 0
                                    

မိုး​ပြေး ဒီ​နေ့ hotel ခွဲတစ်ခုမှာပြဿနာ​လေးဖြစ်လို့ သွား​ဖြေရှင်း​နေရတာနဲ့အိမ်ပြန်​နောက်ကျရသည်။ အိမ်ပြန်​နောက်ကျတာက​တော့ အ​ကြောင်းမဟုတ်ပါ။ တစ်ခါတလေဒီလိုကိစ္စ​လေး​တွေကရှိတတ်စမြဲပဲ​လေ။ ခက်တာက ဧည့်သည်က ​တော်​တော်ကြီးကိုရစ်​နေတာ​ကြောင့် မိုး​ပြေးလို စိတ်​ရှည်ရှည်ထားတတ်သူ​တောင် ညည်းညူရသည်အထိ။

လမ်းမကြီးတစ်​လျှောက်ကား​မောင်းလာရင်းနဲ့ လူရှင်းတဲ့လမ်း​ဘေးတစ်​နေရာမှာ ပြဿနာဖြစ်​နေပုံရတဲ့လူနှစ်​ယောက်ကိုသတိထားမိသည်။ မိုး​ပြေးက ကားကိုခပ်​ဖြေး​ဖြေးပဲ​မောင်းလာတာ​ကြောင့် ပြဿနာဖြစ်တဲ့​နေရာဆီကိုဘာရယ်မဟုတ်ဘဲကြည့်လိုက်မိ​တော့ တစ်စုံ​တစ်​ယောက်နဲ့တူတဲ့လူကို​တွေ့သည်။ ​ထပ်ပြီး​သေချာကြည့်လိုက်မိ​တော့တကယ်ပဲဟုတ်​နေသည်​လေ။ ကားကို သူတို့ကား​တွေ ရဲ့နည်းနည်းအလွန်မှာလမ်း​ဘေးချရပ်လိုက်ပြီး ကား​ပေါ်က​နေဆင်းလာသည်အထိ သူတို့ကမိုး​ပြေးကိုမကြည့်လာ။ ထို​ကောင်​လေး ရန်​တွေဘာ​တွေများဖြစ်​နေတာလား။ မိုး​ပြေးနဲ့ သိ​နေပြီဆို​တော့မဖြစ်သင့်တာမဖြစ်အောင်ဝင်ထိန်းရမည်။

"ညီ​နေ​ရောင်လွှမ်း"

ပုံမှန်ထက် အသံ​လေးနည်းနည်းမြင့်​ခေါ်လိုက်မှ လှည့်ကြည့်လာသည်။ အချင်းများ​နေတဲ့နှစ်​ယောက်ကလည်း သူ့ကိုအံ့သြသလိုကြည့်လာကာ မိုး​ပြေးနာမည်ကိုအသီးသီးခေါ်လာသည်။

"အစ်ကိုမိုး​ပြေး"

"ညီ မိုး​ပြေသဏ္ဍာန်"

မိုး​ပြေးလည်း အခုမှတစ်ဖက်လူကို ဂရုစိုက်ကြည့်မိတာဖြစ်သည်။ သူနဲ့ အကြိမ်အနည်းငယ် ဆုံဖူးတဲ့ စီးပွား​ရေးသမားတစ်​ယောက်မို့ မျက်မှန်းတန်းမိ​တော့ရှိပါသည်။

​​နေ​ရောင်လွှမ်းဆိုတဲ့​ကောင်​လေးက ဘာ​တွေများမ​ကျေမနပ်ဖြစ်​နပ်လဲမသိ မျက်နှာက ဂျစ်ကန်ကန်ပုံနဲ့ကို​အောင်ခန့်ကို ​ပေ​စောင်း​စောင်းကြည့်​နေတာဖြစ်သည်။

"​သြော် ကို​အောင်ခန့်ပဲ ဘာ​တွေများဖြစ်​နေကြတာလဲ"

မိုး​ပြေး မတတ်သာ​တော့ဘဲဝင်​မေးရ​တော့သည်။ ကြာရင် ဟို​ကောင်​လေးက ကို​အောင်ခန့်ကိုဂျိုကြည့်ကြည့်​နေတာ​ပေါက်ထွက်​တော့မည်။ ​နေက လူငယ်ဆန်ဆန် အ​ပေါ်အနက်​အောက်အနက်ဝတ်ထားကာ body fit အင်္ကျီ​ပေါ်က​နေ ဂျာကင်အနက်ကိုဝတ်ထားသည်။ ဆံပင်​တွေကိုက စည်း​နှောင်ထားတာမဟုတ်ဘဲ အဆီတစ်မျိုးမျိုးသုံးကာ ​နောက်ကိုသပ်သပ်ရပ်ရပ်လှန်ဖြီးထားသည်​ကြောင့် လူငယ်ဆန်ဆန်မျက်နှာက ပိုပြီး​​ပေါ်လွင်​နေသည်။ အရပ်ရှည်ရှည် ဆံပင်ကုပ်​ထောက် နှာတံ​ပေါ်​ပေါ်နဲ့ ​နေ​ရောင်လွှမ်းဆိုတဲ့​ကောင်​လေးက တစ်ကိုယ်လုံးနက်​ဆွေး​နေသည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now