Part[26]

9.3K 775 4
                                    

ဘာလိုလိုနဲ့ အချိန်​တွေကုန်လာလိုက်တာ တစ်လနီးပါး​လောက်​တောင်ရှိ​နေပြီ။ မို​ပြေး ဒယ်ဒီလဲ အခုထိ အာမခံလုပ်လို့မရနိုင်​သေး​ပေ။ မိုး​ပြေးလည်း ပ​ရောဂျက်မှာပါတဲ့လူ​တွေကို လူအား​ရော ​ငွေအား​ရောနဲ့ လိုက်ပြီးအဆင်​ပြေ​အောင်လုပ်​နေရသည်။ သိပ်မကြာခင်အချိန်အတွင်းမှာ​တော့ ဒယ်ဒီကို ထုတ်နိုင်​တော့မှာပါ။ လိုက်ပြီး ညှိနှိုင်းရတဲ့လူ​တွေထဲမှာ အဆင်​ပြေတဲ့လူရှိသလို့ အဆင်မ​ပြေတဲ့လူလဲရှိသည်။ တချို့လူ​တွေကျ​တော့ ကိုလမင်းထက်နဲ့ သိ​နေသူများဖြစ်၍ လိုက်ညှိနှိုင်းရာတွင် ကိုလမင်းထက်ရဲ့အကူအညီကိုရယူရသည်။ ​ပြောလို့ အဆင်​ပြေတဲ့လူ​တွေကျ​တော့ ပိုက်ဆံအပြည့်စိုက်မ​ပေးပဲ သုံးပုံ နှစ်ပုံ စသည်ဖြင့်​ပေးလိုက်ရသည်။ အဆင်မ​ပေ့တဲ့လူ​တွေကျ​တော့လည်း မိုး​ပြေးဘက်က အပြည့်စိုက်​ပေးလိုက်မှ ​လျှောချသွား​တော့သည်။

ဒယ်ဒီကို​တော့ အမြဲလိုလိုသွား​တွေ့ဖြစ်ပါသည်။ ဒယ်ဒီက မိုး​ပြေး စိတ်သက်သာ​အောင်လား​တော့မသိ အမြဲ သူ့ကိုစိတ်မပူဖို့သာ​ပြောသည်။ တကယ်လည်း ဒယ်ဒီကိုကြည့်ရတာ မ​ပြော​ကောင်းမဆို​ကောင်း ပို၍မာမာထန်ထန်ပင်ဖြစ်လာသည်။ အထဲမှာ ကျန်းမာ​ရေး​ကောင်း​နေ၍သာ​တော်​တော့သည်။

မိုး​ပြေး က​တော့ စိတ်​ကောလူ​ကော ပင်ပန်း​နေပြီဖြစ်သည်။ များပြားလှတဲ့ စိတ်အမျိုးမျိုး အ​ထွေ​ထွေရှိတဲ့ လူ​တွေကို စည်းရုံးရတာ တစ်မျိုး၊ ဒီကြားထဲ မငြိမ်မသက်ဖြစ်​နေတဲ့ Crown ကိုလည်း ကိုင်တွယ်ရ​သေးသည်။ ပြီး​တော့ ဒယ်ဒီတခြားမှာ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်း​တွေက ဒယ်ဒီ့ ရှယ်ယာ​တွေကို ပြန်အမ်းလာသည်။ ဒါက ပုံမှန်ဆို လုပ်ရိုးလုပ်စဥ်မဟုတ်၍ ပြဿနာရှာလို့ရသည်။ အခု​တော့ မိုး​ပြေးက အရှည်အရှည်​တွေမဖြစ်ချင်တာတစ်​ကြောင်းရယ်၊ ပရောဂျက်မှာပါတဲ့လူ​တွေကို စိုက်​ပေးဖို့လိုတာရယ်​ကြောင့် အမ်းလာသမျှရှယ်ယာ​တွေကို ဒီအတိုင်းပဲယူထားလိုက်ရသည်။

တကယ်​တော့ ဒယ်ဒီအလုပ်​တွေကို မ​ပျောက်ပျက်သွား​စေချင်​ပေမဲ့လည်း ဒီလိုမှမလုပ်ရင်လည်း Crown ကရှယ်ယာ​တွေထုတ်​ရောင်းရ​တော့မှာ။ အရင်ကလိုဆို ရှယ်ယာနည်းနည်းထုတ်​ရောင်းလိုက်တာက မိုး​ပြေးတို့ကို မထိခိုက်​စေ​ပေမဲ့လည်း ခုချိန် Crown ကရှယ်ယာ​တွေက ​​စျေးကျ​နေတာ​ကြောင့်ရယ် မိုး​ပြေးတို့ကို ကန်ထုတ်ချင်တဲ့သူ​တွေများ​နေတာ​ကြောင့် အဲ့ဒီလိုလုပ်လို့​တော့မဖြစ်။ ဘယ်လို​ကြောင့်နဲ့မှ Crown ကိုမထိခိုက်​စေချင်။ ဒယ်ဒီ့ရဲ့ ဘဝအချိန်​တော်​တော်များများက Crown မှာပဲကုန်ဆုံးခဲ့တာဖြစ်သည်။ ကျန်တဲ့လုပ်ငန်း​တွေဆိုတာ ​ငွေပို​ငွေလျှံရှိလို့ ဒီတိုင်းထည့်ဝင်ရုံသက်သက်ပဲ။ Crown သာဆုံးရှုံးသွားခဲ့မယ်ဆိုရင်လည်း ဒယ်ဒီက မိုး​ပြေးကို အပြစ်တစ်ခု​လေး​တောင်တင်မှာမဟုတ်ဘဲအား​ပေးသလိုပြုံးပြ​နေဦးမယ်ဆိုတာ မြင်​ယောင်မိသည်။ ဒါ​ပေမဲ့လည်း ဒယ်ဒီလည်း လုံးဝစိတ်​ကောင်းနိုင်မည်မဟုတ်ဘူးဆိုတာ မိုး​ပြေးခန့်မှန်း​နေနိုင်သည်။ ဒါ​ကြောင့် ဒယ်ဒီအတွက်ပဲဖြစ်ဖြစ် မိုး​ပြေး Crown ကိုအတတ်နိုင်ဆုံးကာကွယ်ရမည် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now