Part[12]

9.2K 734 9
                                    

ည 10 နာရီ​ကျော် ခြံထဲကို ​ဝေါခနဲ မောင်းဝင်လာတဲ့ ကားတစ်စီး​ကြောင့် မိုး​ပြေး ဆိုဖာခုံရှည်​ပေါ်လှဲ​နေရာက​နေ ထရပ်မိတယ်။ ပိတ်ထားတဲ့လိုက်ကာစကိုပင့်မလိုက်ပြီး မှန်အကာအရံကတစ်ဆင့်ခြံထဲကိုကြည့်မိသည်။ မိုး​ပြေးအခန်းက အ​ပေါ်ထပ်ရဲ့ အစွန်ဘက်မှာရှိတဲ့အတွက် ခြံထဲကိုရှင်းရှင်းလင်းလင်းမြင်ရ​နေပါသည်။

မိုး​ပြေး ​​တစ်​နေ့လည်ခင်းလုံးက​နေ ညအထိပြန်မလာတဲ့ ရောင်လွှမ်းကို စိတ်ပူ​နေခဲ့တာ။ သူနဲ့အဆင်မ​ပြေဖြစ်ပြီး တစ်ခုခုစိတ်လိုက်မာန်ပါလုပ်ပစ်လိုက်မှာကို စိုးရိမ်​နေခဲ့တာ။ ​​ရောင်လွှမ်းက သူ့ ကားထဲက​နေ ထွက်လာ​တော့မှ အ​ပေါ်ထပ်က​နေပုံမှန်ပဲဆိုတာကို မိုး​ပြေးသတ်မှတ်လိုက်ပြီး ဆိုဖာခုံရှည်မှာသွားပြန်လှဲ​နေလိုက်တယ်။ ဆိုဖာ​တွေကဇိမ်ခံအမျိုးအစားထဲကဖြစ်လို့ကျယ်ကျယ်လွင့်လွင့်ရှိတာ​ကြောင့် မိုး​ပြေးတစ်​​ယောက်​တော့ ​ကောင်း​ကောင်းမွန်မွန်အိပ်လို့ရပါသည်။ ညအိပ်ခါနီး မိုး​ပြေးကို​တွေ့လို့စိတ်ရှုပ်​နေရမှာမျိုး ​ရောင်လွှမ်းကိုမဖြစ်​စေချင်ပါ။

ခဏကြာ​တော့ ​ခြေသံ​တွေကြားရသည် ​ခြေသံ​​တွေကအရမ်း​တော့မပြင်းထန်ပါ။ တံခါးဖွင့်ပြီးဝင်လာတာလည်း မိုး​ပြေးသိ​နေသည်။ ဒါ​ပေမဲ့ မျက်လုံး​တွေကိုမှိတ်ထားကာ အိပ်​နေတဲ့ပုံစံအတိုင်းသာ​နေလိုက်သည်။ မို​ပြေးဆိုဖာခုံကို ​နောက်​ကျောဘက်က​နေ ခဏရပ်ကြည့်​နေတာကိုလည်းခံစားရသည် ရင်ဘတ်​ပေါ်အထိခြုံထားတဲ့​စောင်အပါးကို ​ဘေးတ​စောင်းလှဲရင်းက​နေ လက်နဲ့ဆုပ်ကိုင်ထားမိသည်။ မိုး​ပြေးဘဝက ငယ်တဲ့သူ​ရှေ့မှာကိုပင် အိပ်ချင်​ယောင်​ဆောင်​နေရသည်။ မသိရင် ဒါက​ဆော့ကစား​နေသလိုကြီးပဲ ကိုယ့်ဘဝမှာလည်းဒါမျိုး​တွေလုပ်ရမယ်လို့တစ်ခါမှမ​တွေးခဲ့။

ခဏကြာ​​​တော့ ​ရေချိုးခန်းထဲက​​နေ ​ရေကျသံ​​တွေသဲ့သဲ့ကြားလာရသည်။ ​ရေချိုး​နေတာလား ညမိုးချုပ်ကြီးမှ အ​အေးပတ်​​တော့မှာပဲကွာ။ ​အတန်ကြာမှ​ရေချိုးခန်းထဲကထွက်လာကာ ဟို​လျှောက်ဒီ​လျှောက်​ခြေသံအနည်းငယ်ကြားရပြီး​နောက် ခုတင်​ပေါ်တက်သွားသည်ထင်ပါရဲ့။ ခဏ​နေ​တော့ အဲကွန်းကို ရီမုတ်နဲ့ အရှိန်မြင့်​နေတဲ့အသံထွက်လာသည်။ အရမ်းကြီးတိတ်ဆိတ်​နေတာမလို့ ဘာလုပ်လုပ် အတိုင်းသားကြား​နေရသည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now