Part[22]

9.8K 784 2
                                    

မိုး​ပြေး တို့အိမ်ပြန်​​ရောက်လာ​တော့ အ​ပေါ်မတက်​သေးရ​သေးခင် ဒယ်ဒီ့ကို စကား​ပြောမိသည်။

"ကျွ​န်တော် ဒယ်ဒီ့ကို ​ကျေးဇူးတင်ပါတယ်"

"ဘာအတွက်လဲသား"

"ကျွန်​တော့်ဘက်က ရပ်တည်​ပေးလို့ပါ ပြီး​တော့ ဒယ်ဒီ့သိက္ခါကို မငဲ့ကွက်ဘဲ ​ရှေ့တန်းတင်​ပေးလို့"

"ဒယ်ဒီတို့ ကြားမှာဒါ​တွေ မလိုဘူး​​လေ ဒယ်ဒီက ဖခင်တစ်​​ယောက်ရဲ့တာဝန်ကို​ကျေပွန်ရုံပါပဲ အစကတည်းက သားကို ဘယ်သူနဲ့ကြိုက်လို့သ​ဘောမတူဘူး ဘာညာဆိုပြီး ကန့်ကွက်မှာ​တွေ ဒယ်​ဒီမ​တွေးထားခဲ့ဖူးဘူး အချစ်ကအချစ်ပဲဒယ်ဒီလက်ခံပါတယ် သားကဘယ်လိုလူကိုပဲ​ရွေးချယ်​ရွေးချယ် ဒယ်ဒီကအ​ကောင်းဆုံးဆက်ဆံ​ပေးဖို့ပဲ​တွေးထားခဲ့တာ တစ်ခု​တော့ ရှိတာ​ပေါ့ သာ​ရွေးချယ်တဲ့လူက သားကို​တော့ ဒုက္ခ​ပေးတဲ့လူမဖြစ်​စေချင်ခဲ့ဘူး အခု သား​နေနဲ့ဆို​တော့ ဒယ်ဒီ စိတ်ပူပန်မှု​တွေ​လျော့ပါးသွားရတာ​တော့အမှန်ပဲသား သားတို့ချင်းအဆင်​ပြေ​​နေတော့ ဒယ်ဒီလည်းစိတ်ချလက်ချ​နေနိုင်ပြီ ပြီး​တော့ ငါ့သားကလည်း ဒယ်ဒီအ​ပေါ် အရမ်းသိတတ်ခဲ့တာပါ ဒါ​ကြောင့် ဒယ်ဒီတို့သားအဖကြားမှာဒါ​တွေမလိုအပ်ဖူး​နော်"

ကမ္ဘာ​ပေါ်မှာသူ့ကိုအမြဲတမ်းနားလည်​ပေးနိုင်ခဲ့တဲ့သူ၊ ဒယ်ဒီဟာ မိုး​ပြေးအတွက်​တော့အ​နွေး​ထွေးဆုံးလူသားပါ။ ​ပျော်ရွှင်ကြည်နူးမှု​တွေနဲ့အတူ ဒယ်ဒီကို သိုင်းဖက်မိ​တာ​တော့ က​လေးဆန်သွားမိလားမသိ​တော့ပါ။ ဒယ်ဒီ့ရင်ခွင်ကြီးက ငယ်ငယ်တုန်းကလိုမျိုး လုံခြုံမှု​တွေ​ပေးနိုင်တယ်လို့ခံစားရတုန်းပဲ။ ဒယ်ဒီက မိုး​ပြေး​ကျောပြင်​ပေါ်ကို ခက်ဖွဖွပွတ်သပ်လာပြီး

"ငါ့သားကြီးက ဒီအရွယ်ထိ​တောင်​ရောက်လာပြီပဲ ဒယ်ဒီ​​ကောင်း​ကောင်းပြုစုပျိုး​​ထောင်နိုင်ခဲ့တယ်ထင်တယ် သားမာမီကို မျက်နှာပြနိုင်ပြီ​ပေါ့"

မိုး​ပြေး ဘာမှမ​ပြောဖြစ်ပဲ ပိုတိုးလို့သာဖက်မိတယ်။

"ကဲကဲ သားလည်းနား​​တော့​လေ သား​နေလည်း ပြန်​ရောက်​နေ​လောက်​ရော​ပေါ့ အ​ပေါ်တက်​တော့သား"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now