Part[11]

8.9K 747 0
                                    

Wedding အခမ်းအနား ပြီးသွား​တော့ မိုး​ပြေးတို့အိမ်မှာလူစုံကြသည်။ ​ရောင်လွှမ်းနဲ့မိုး​ပြေးက မိုး​ပြေးတို့အိမ်မှာပဲ​နေမည်ဖြစ်သည်။ အစက​တော့ ​ရောင်လွှမ်းကလက်မခံ​လောက်ဘူးလို့ထင်ခဲ့​ပေမဲ့လည်း ​ထွေ​ထွေထူးထူးမ​ပြောလာတဲ့အခါ မိုး​ပြေးတို့အိမ်မှာပဲ​နေဖို့ဖြစ်သွားခဲ့သည်။ အိမ်​ရောက်​တော့ နှစ်ဖက်မိဘလူကြီး​တွေကိုကန်​တော့ ဘာညာပြီး​တော့ ​နေ့မိဘ​တွေကလည်း နားရ​အောင်ဆိုပြီးအိမ်ပြန်သွားသည်။ မိုး​ပြေးဒယ်ဒီကလည်း ​အောက်ထပ်ကအိပ်ခန်းထဲဝင်ကာ အနားယူပြီဖြစ်သည်။

"​ရောင်လွှမ်း ကိုယ်တို့အခန်းကအ​ပေါ်မှာ"

အရင်က မိုး​​ပြေးရဲ့အခန်းကိုပဲ နှစ်​ယောက်စာအသုံးအ​ဆောင်​တွေထည့်ပြီး ပြင်ဆင်လိုက်တာဖြစ်သည်။ အခန်းကအစကတည်းက​ကျယ်တာဖြစ်လို့နှစ်​ယောက်​နေဖို့ အတွက်​တော့ လုံ​လောက်သည်ထက်ပိုပါသည်။

"ခင်ဗျား အ​ရှေ့ကတက်"

သူတို့​တွေအ​ပေါ်ထပ်က အခန်းထဲကို ​ရောက်လာကြသည်။ အခန်းထဲမှာ မင်္ဂလာဦးကုတင်ကိုပြင်ဆင်​ပေးထားကြသည်။ ​နေ ကကြည့်ပြီး မဲ့ပြုံးပြုံးလိုက်ကာ

"ဘယ်သူက မင်္ဂလာဦးမှာမလို့လဲ"

မို​ပြေးသဏ္ဍာန်ရဲ့မျက်နှာက အနီ​ရောင်လှိုင်း​လေးဖြတ်​ပြေးသွားသလိုပင်။ ဒါ​ပေမဲ့ သိသိသာသာကြီး​တော့မဟုတ်ပါ အမြဲတမ်းအိမ်​န္ဒြေဆည်ထားတဲ့ပုံနဲ့ပဲဖြစ်သည်။

​နေ့ရဲ့ အသုံးအ​ဆောင်​တွေက​ရော အခန်းထဲမှာသူ့​နေရာနဲ့သူ​ရောက်နှင့်​​နေပြီဖြစ်သည်။ ဘယ်အချိန်ဘယ်​တုန်းက ဘယ်သူ​တွေလာပြင်ထားလဲဆိုတာကိုပင်​နေမသိလိုက်။

အခန်းကအ​တော်​လေးကျယ်ဝန်းကာ king size ကုတင်ရယ် ဆိုဖာခုံအဖြူ​ရောင်တစ်စုံရယ် ကုတင်နားက မီးအိမ်တင်တဲ့စားပွဲကလည်းခမ်းခမ်းနားနား။ နံရံနားမှာကပ်ထားတဲ့ အလုပ်စားပွဲနှင့်ဆုံလည်ထိုင်ခုံကလည်းရှိ​သေးသည်။ ​ကုတင်​ခြေရင်းတည့်တည့် ဆိုဖာခုံအ​ရှေ့ကနံရံကြီးမှာလည်း ပြောင်လက်​နေတဲ့ TV အမဲ​ရောင်ကြီးကအခန့်သား။ အခန်းထဲမှာကိုပင် အဝတ်​တွေထားတဲ့အခန်းနဲ့ ​ရေးချိုးခန်းကသပ်သပ်ပါ​သေးသည်။ ခမ်းနားလွန်းတဲ့အခန်းကိုကြည့်ပြီး ​နေပါးစပ်အ​ဟောင်းသား​တော့မဖြစ်မိပါ။ ​နေ​ရောင်လွှမ်းဆိုတဲ့​ကောင်ကလည်း ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကပဲ ဒီလိုမျိုးအပြင်အဆင်​တွေကိုမမြင်ဖူးမ​တွေ့ဖူးသလို ဖြစ်ပျက်​နေပြရမှာလား ​ဝေး​သေး။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now