Part[23]

9.5K 713 1
                                    

တီ တီ တီ တီ!

"ဟယ်လို အမိန့်ရှိပါခင်ဗျာ Crown CEO ရုံးခန်းကပါ"

အလုပ်လုပ်​နေတုန်း​​ဘေးနားမှာဖုန်းမြည်လာတာ​ကြောင့်မိုး​ပြေး ​​ကောက်ကိုင်လိုက်သည်။ အ​ရေးကြီးချိန်းဆိုထားတဲ့ သူပဲဖြစ်ရမည်။ ​တော်ရုံတန်ရုံသူ​တွေဆို မိုး​ပြေးရုံးခန်းနံပါတ်ကိုသိပ်မသိကြပါ။ အတွင်း​ရေးမှူးက​နေမှတစ်ဆင့် ဆက်သွယ်တင်ပြတာဖြစ်သည်။ အခုက မိုး​ပြေးရုံးခန်းထိတိုက်ရိုက်ဆက်သွယ်လာတာဆို​တော့...

"ဗျာ!"

ကြားရတဲ့သတင်း​ကြောင့် မိုး​ပြေးကိုယ့်နားကိုယ်ဘယ်လိုမှမယုံနိုင်စွာ လက်ကကိုင်ထားတဲ့ဖုန်းကိုပါလွတ်ချမိသည်အထိ။ ဟိုဘက်က ဘာ​တွေဆက်​ပြောသလဲဆိုတာ ထပ်ပြီး မကြားနိုင်​တော့။ နားထဲမှာ ကြားလိုက်ရတဲ့အ​ကြောင်းရာတစ်ခုကသာ တဝဲလည်လည်ဖြစ်​နေကာ နား​တွေအူထွက်​နေသည်လို့​တောင်ထင်​နေရသည်။

ထိုစဥ် ​​ပြေးလွှားလာတဲ့​ခြေသံပြင်းပြင်းလိုအသံမျိုးက မိုး​ပြေး ရုံးခန်းရှေ့မှာထွက်​ပေါ်လာပြီး​နောက် ရုံးခန်းတံခါးက ဝုန်းခနဲမြည်သံထွက်​အောင်ပင် အဖွင့်ခံလိုက်ရ​လေသည်။

​နေ ရုံးခန်းတံခါးဖွင့်ပြီးဝင်လာလိုက်​တော့ အလုပ်စားပွဲမှာငူငူကြီးထိုင်​နေတဲ့ ထိုလူ့ကို​တွေ့ရသည်။ ထိုလူ့ပုံစံကြည့်ရတာ သတင်းကို ကြားပြီး​လောက်ပြီဖြစ်မည်။ ​နေ ထိုလူ့အတွက်စိတ်ပူသွားကာ သူ့​ရှေ့ထိ အ​ရောက်သွားမိ​တော့ တုန်လှုပ်​နေတဲ့မျက်ဝန်း​တွေနဲ့​နေ့ကို​မော့ကြည့်လာပြီး

"​ရောင် ​ရောင်လွှမ်း"

"စိတ်​လျှော့ထား ခင်ဗျားဒယ်ဒီဘာမှမဖြစ်ဘူး ​အထင်လွဲမှုသက်သက်ပဲ"

"ဒယ်ဒီက ​ငွေအလွဲသုံးစားလုပ်တယ်တဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ"

ထိုလူ့ရဲ့​လေသံ​တွေက တိုး​ဖျော့​နေပြီး မျက်လုံး​တွေကလည်း ​ငွေ့ရည်များဖွဲ့​​နေအခါ မျက်ဆံနက်နက်တွေက ပို၍​တောက်ပ​နေသည်။

"အန်ကယ်က ​ချောက်ချခံရတာပါ ကျွန်​တော်တို့​ဖြေရှင်းနိုင်မှာပါ"

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now