Extra

14.3K 796 17
                                    

နှစ်​ယောက်သား Mall ထဲမှာလှည့်ပတ်ကြည့်​နေကြကာ ​နောက်ရက်သွားရမဲ့ခရီးအတွက်လည်း လိုအပ်တာ​တွေဝယ်​နေကြသည်။ ဒီကပြန်ရင် ​ရောင်လွှမ်းမိဘအိမ်ကိုလည်း ဝင်နှုတ်ဆက်ကြဦးမည်ဖြစ်၍ လက်​ဆောင်ပစ္စည်း​တွေ​ရောဝယ်​နေကြရသဖြင့် အထုတ်​တွေကများ​နေကြသည်။

​ရောင်လွှမ်းညီမ​လေးအတွက် အကြိုက်​တွေ့​စေ​လောက်မည့်မုန့်​တွေ​ရယ်၊ လူကြီး​တွေအတွက်အားဖြစ်​စေသည့်ဓါတ်စာ၊ တခြားပစ္စည်းများဝယ်ယူပြီးဖြစ်​ပေမဲ့ ​ဘာလို​သေးမလဲဆိုပြီး မိုး​ပြေးမျက်လုံး​တွေက ဟိုကြည့်ဒီကြည့်လိုက်ကြည့်​နေမိ​သေးသည်။

"ဒီ​လောက်ဆို ရပါပြီအချစ်ရယ်၊ ကိုယ်တို့ကခဏပဲသွား​နေမဲ့ဟာ ပြန်လာရင်လာ​တွေ့ဦးမှာပဲကို"

​​ရောင်လွှမ်း​ပြောလိုက်တဲ့အခါ ​ဘေးနားကရှိတဲ့လူ​တွေဆီကို မိုး​ပြေး​ဝေ့ဝိုက်ကြည့်ပြီးနားရွက်​တွေပူသည်အထိ ရှက်ရွံ့ရသည်။ တခြားသူ​တွေက သူ့အာရုံနဲ့သူ ရှိ​နေကြတာကိုမြင်မှ မသိမသာ သက်ပြင်းချကာ ​ရောင်လွှမ်းကို မျက်​စောင်းမမြည်​သောအကြည့်​လေးဖြင့်ကြည့်လိုက်မိသည်။

ဟုတ်သားပဲ။ ဝယ်သမျှအထုတ်တိုင်းကို ​ရောင်လွှမ်းက အားလုံးကိုင်ထားရတာ​ကြောင့် သူ့လက်နှစ်ဖက်ထဲမှာအပြည့်ဖြစ်​နေသည်။ ထိုအခါမှ အနည်းငယ်အပြစ်တင်ချင်​နေတဲ့ မိုး​ပြေးက အားနာသွားရသည်။

"ကိုယ်ကူကိုင်​ပေးမယ်​လေ ​ရောင်လွှမ်း​လေး​နေ​တော့မယ်"

"ရတယ် မကိုင်နဲ့ ဟိုဘက်သွားရ​အောင် ဝယ်စရာရှိလို့"

သူ့လက်ထဲမှာ အထုတ်​တွေများ​နေတာမလို့ကူသယ်​ပေးမယ်​ပြောတာကို လက်မခံပဲ​ယောကျာ်း​လေးအသုံးအ​ဆောင်​တွေရှိတဲ့ဘက်ကို​မေး​ငေါ့ပြတာမို့ နှစ်​ယောက်သားအဲ့ဘက်ကို​ရောက်သွား​တော့သည်။

Shave လုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းနဲ့cream​တွေ၊ တဘက်အဖြူနှစ်ထည်​သုံးထည်နဲ့ တခြားလိုအပ်မယ့်အရာ​တွေကို မိုး​​ပြေးလည်း လိုက်ကြည့်​နေမိသည်။

"အချစ် ကိုယ့်ကို ဟိုဟာ​လေးထည့်ယူ​ပေးပါဦး"

​နောက်ထပ်​လူကြားထဲမှာ​ခေါ်ခံလိုက်ရတဲ့နာမ်စား​ကြောင့် မျက်နှာပူလာသဖြင့် မြန်မြန်ပြီးမြန်မြန်ပြန်ရဆိုပြီး သူ​ပြောတဲ့အရာကိုယူဖို့အတွက် လှည့်ကြည့်လိုက်မိစဥ်မှာပင် တစ်ကိုယ်လုံးပူထူသွားကာ ​ဘေးနားမှာမ​ယောင်မလည်ရပ်​နေတဲ့ အ​ရောင်းဝန်ထမ်း​ကောင်​လေးဆီကိုအကြည့်​ရောက်မိသည်။ မိုး​ပြေးတို့ဆီတိုက်ရိုက်ကြီး​တော့ကြည့်မ​နေ​ပေမဲ့ ​ဖြစ်သွားတဲ့အ​ခြေအ​နေကို ​ကောင်း​ကောင်းနားလည်​​နေ​သည့်ပုံပင်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now