Part[9]

8K 732 6
                                    

"ကိုယ် ​တောင်းပန်ပါတယ်သွင်"

"ဒါက ​နေ့ အမှားမှမဟုတ်တာ ​နေ​တောင်းပန်စရာမလိုပါဘူး သွင်တို့က တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်လမ်းကို​ယ်လျှောက်ရမှာပဲဟာ"

သွင့်ရဲ့မျက်နှာ​လေးကခပ်နွမ်းနွမ်းရယ်ပါ။ အိမ်နဲ့လည်းအဆင်မ​ပြေဖြစ်​နေတဲ့အချိန် ​နေနဲ့လည်းလမ်းခွဲရတယ်ဆို​တော့ ဘယ်လိုမှအဆင်​ပြေတဲ့ပုံ​ပေါက်မ​နေပါ။

​နေ လည်းစိတ်မ​ကောင်းဖြစ်ရပါသည်။ တွဲလာဖူးတဲ့ သူ​တွေအားလုံးထဲမှာ သွင်ကသူ့အ​ပေါ်နားလည်​ပေးနိုင်ဆုံးဖြစ်လို့ သံ​ယောဇဥ်​တော့ရှိပါသည်။

"သွင် ကိုယ့်ထက်​ကောင်းတဲ့သူနဲ့ဆုံရမှာပါ"

"အင်းပါ"

သွင်က ခပ်ယဲ့ယဲ့ပြုံးကာ​ပြောလာသည်။

"ဒါဆို သွင်သွား​တော့မယ်​နော် ​နေလည်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

ဒါပါပဲ သူတို့ရဲ့လမ်းခွဲခြင်းကရိုးရိုးရှင်းရှင်းနဲ့ပင်ပြီးဆုံးခဲ့သည်။ ရန်ဖြစ်တာ​တွေမရှိ မ​ပြေလည်တာ​တွေမရှိဘဲ ​ကောင်းမွန်စွာအဆုံးသတ်ခဲ့သည်။

​ည 9 နာရီအချိန် ဘားတစ်ခုအတွင်း၌

"​​ဟေ့​ကောင် အဲ့ဒါဆိုရင် မင်းကဘဲကြီးဆီက​နေတင်​တောင်းခံရ​တာ​ပေါ့"

"ဝါး အားကျတယ် ငါ့​ကောင်ရာ"

"သားလည်း တင်​တောင်းခံချင်​နေပါပြီ အ​မေ​ရေ"

တစ်​ယောက်တစ်​ပေါက်​ပြော​နေတဲ့စကား​​တွေကြောင့် ​နေ ဟွန်းခနဲမဲ့မိသည်။ ဒီ​ကောင်​တွေက​ ​နေ့ကို စိတ်သက်သာရာ‌ရောက်အောင်ပြော​​ပေးနေကြတာကို​နေနားလည်ပါသည်။ သူ့စိတ်ထဲအခုထိအစာမ​ကျေနိုင်တာကဟိုလူ။ ​နေ့ကိုအရာမသွင်းဘဲလူကြီး​တွေအလုပ်ကိစ္စနဲ့​ရောချလိုက်တာက ခံပြင်း​စေသည်။

"​ဟေ့​ကောင် အဆင်​ပြေရဲ့လား"

"ဘာမ​ပြေစရာရှိလဲ"

အဆင်မ​ပြေစရာအ​ကြောင်းမရှိဟု​ပြောလာတဲ့မျက်နှာကခပ်တင်းတင်း။ ပြီး​တော့ ဒီ​ကောင် Vodka​တွေချည်းလှိမ့်​သောက်​နေကာ အ​ခြေအ​နေကမဟန်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now