Part[19]
10K 826 5
​နေ အိပ်ယာနိုးလာတဲ့အချိန် ​ဘေးမှာ ဟိုလူကမရှိ​တော့။ နာရီကြည့်​တော့ မနက် ကိုးနာရီခွဲအချိန်ရှိ​နေပြီ။
ဒီ​နေ့ အိပ်ယာထ​တော်​တော်​နောက်ကျသွားတာပဲ။ ဟိုလူက​ရော ဘယ်အချိန်ကတည်းက ထသွားတာလဲ။ အလုပ်များ သွားလိုက်ပြီလား။
ကုတင်​​ပေါ်မှာပဲ အ​တွေး​တွေများ​နေချိန် ​ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရသည်။
​ချောက်!
မျက်နှာသုတ်ပဝါနဲ့ မျက်နှာသုတ်ရင်း ထွက်လာသူကလည်း နိုးတာမကြာ​သေးဘူးထင်သည်။ မျက်နှာ​လေးက အနည်းငယ်​ဖောင်းအစ်အစ်ဖြစ်​နေသည်။ over size တီရှပ်အဖြူ​ရောင်နဲ့ သူ့မျက်နှာက အနည်းငယ်နွမ်းလျ​နေပုံ​ပေါက်​နေ​ပေမဲ့လည်း ​တော်​တော်​လေးကို နုငယ်​နေသည်။
"​ရောင်လွှမ်းနိုးလာပြီလား"
​နေက သူ့ကိုစိုက်ကြည့်​နေမိတာ​ကြောင့် အိုးတိုးအန်းတမ်းဖြစ်စွာနဲ့ နှုတ်ဆက်လာသည်။ တကယ်​တော့ သူတို့​တွေအများကြီးရင်းနှီသွားကြ​ပေမဲ့လည်း ​ဖော်​ဖော်​ရွေ​ရွေလုပ်လိုက်ဖို့က ထင်သ​လောက်လွယ်​မနေဘူး။
"အင်း...ခင်ဗျား​ရော အခုမှနိုးတာလား"
"ကိုယ်​လည်း အ​စောကမှနိုးတာ​နောက်ကျသွားတယ် ဒယ်ဒီ​တောင် အလုပ်သွားပြီထင်တယ်"
"ဒီ​နေ့တစ်ရက်​တော့ ခင်ဗျား အလုပ်မသွား​တော့နဲ့​လေ"
"အင်းပါ ကိုယ်လည်းနားဖို့စဥ်းစားထားတယ်"
ဒီလူက ​နေရတာသိပ်အဆင်​မပြေလို့ထင်သည် ​နေက အလုပ်မသွားဖို့အတွက် ခက်ခက်ခဲခဲ ​ပြောရမယ်​ထင်လိုက်​ပေမဲ့ သိပ်မ​ပြောလိုက်ရ။ ခုတင်​ပေါ်နဲ့ ​ရေချိုးခန်း​​ပေါက်ဝအ​ရှေ့နား​လေးက​နေစကား​ပြော​နေကြ​ပေမဲ့ အရမ်းကြီး အလှမ်း​ဝေး​နေကြတာမျိုး​တော့မဟုတ်ပါ။
​နေက အိပ်ယာ​ပေါ်က​နေထဖို့အတွက်လုပ်လိုက်​တော့ ဟိုလူက မျက်နှာလွှဲပြီး ဆိုဖာခုံ​တွေဘက်​ကို​လျှောက်ထွက်သွားသည်။ ​နေ့စိတ်ထင်အဲ့ဒီလူက မျက်နှာကြီးရဲသွားသလိုပဲ။ ​နေကအ​ပေါ်ပိုင်းဗလာဖြစ်​နေပြီး ခါးမှာပတ်ထားတဲ့တဘက်က ညအိပ်ဝတ်ထားတာ​ကြောင့် ​လျော့တိ​လျော့ရဲဖြစ်​နေသည်။