Part[24]

8.9K 722 6
                                    

မိုးလင်းလာ​တော့ ​​​နေ့ဘေးနားမှာ မိုး​ပြေးသဏ္ဍာန်က မရှိ​တော့။ နာရီကြည့်​တော့ 6 နာရီ​ကျော်ပဲရှိ​သေးသည်။ ​ဘေးနားကသူမရှိ​တော့ဘူးဆိုတာနဲ့ မျက်လုံး​တွေကျယ်ကုန်၏။ အနီးဆုံးလူ​တွေဖြစ်​နေကြတာမလို့ သူအဆင်မ​ပြေဖြစ်တဲ့အချိန် ​နေကပါ စိုးရိမ်​နေရသည်။ အန်ကယ့်ကိုပူရတာတစ်မျိုးး သူ့ကိုပူရတာတစ်မျိုးနဲ့။ သားအဖနှစ်​ယောက်တည်း ရှိခဲ့ကြတာမလို့ သူအခုဘယ်လိုခံစား​နေရလဲဆိုတာကို နားလည်​ပေးနိုင်ပါသည်။ ညက​တောင် ​​တော်တော်နဲ့မအိပ်ပဲ လက်​တော့ပ်ကိုပဲ အချိန်မကြာကြီး အာရုံစိုက်​နေတာမလို့ ​နေ့မှာအိပ်ဖို့အတွက်မနည်း​ဖြောင်းဖြလိုက်ရ​သေးသည်။ သူအိပ်​ပျော်သွားပြီဆို​တော့လည်း ​မအိပ်နိုင်​သေးတဲ့သူက ​နေဖြစ်သွားကာ သူ့ကို​ငေးကြည့်​နေမိပြန်သည်။

မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကို ​ငေးကြည့်​နေရင်းနဲ့ ထိုလူ့ကို အတိုင်းအဆမရှိဘဲမြတ်နိုးမိသွားတဲ့စိတ်ကိုပြန်မြင်လာရသည်။ ​ဘယ်​လောက်ထိမြတ်နိုးမိသွားလဲဆိုတာ မ​​ပြောပြတတ်​ပေမဲ့ ​သေချာတာက​တော့ ထိုလူ့ကို အဆုံးအရှုံးမခံနိုင်​တော့။ ထိုလူ့ကို ​တွေ့ရုံနဲ့တင် စိတ်ထဲ၌ နင့်နင့်နဲနဲခံစားချက်ကဖြစ်တည်၏။

ဒါက ဘယ်အချိန်​ထဲကဆိုတာကိုလည်း​နေ့မှာ​သေချာမသိ။ ထိုလူနဲ့ အဆင်​ပြေချင်လို့ ​နေ့စိတ်​တွေတစ်ထစ်​လျှော့လိုက်တဲ့အချိန်ကများလား၊ ဒါမှမဟုတ် လက်ထပ်ပြီးတဲ့အချိန် ​နေ့သူ့ကို အရွဲ့တိုက်တုန်းကများလား။ အဲ့ထက်အရင် ရင်နှီးတဲ့အစ်ကိုတစ်​ယောက်လိုပဲ သ​ဘောထားတာပါဆိုတဲ့ အချိန်​​တွေတုန်းကလား၊ ဟိုးအရင် ဘုရား​ပေါ်မှာ​တွေ့တဲ့ ပထမဆုံး​တွေ့ဆုံမှုကတည်းကများလား။

လက်တစ်ဖက်က​ခေါင်း​အောက်မှာ​ထောက်ထားပြီး ကိုယ်ကိုယ်တခြမ်း​စောင်းကာ ထိုလူ့ကို​ငေး​မောကြည့်​နေရင်း လက်ဖျား​​တွေကလည်း ထိုလူ့ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကို သာသာဖွဖွထိ​တွေ့မိ​သေးသည်။ တစ်ခါတစ်ရံ ဆံပင်အစပ်​လေး​တွေကို သပ်တင်​​ပေးမိသည်။ ​နေ့လှုပ်ရှားမှုတိုင်းက အဟန့်အတား တစ်ခု ပါ​နေပုံရကာ ထိုလူသားနိုးသွားမှာကိုပင်စိုးရွံ့​နေမိတာ​ကြောင့် အသက်​တောင်ပြင်းပြင်းမရှူပါ။ ထိုလူ့ကို ခဏ​လေးပဲဖြစ်ဖြစ်ပိုအိပ်​စေချင်မိတယ်။ နိုးထလာတဲ့အခါ အပူ​တွေနဲ့ညိုးနွမ်း​နေမဲ့ မျက်နှာ​​လေးကိုမမြင်ရက်လို့ဖြစ်သည်။ ထိုလူက ပူပင်​ကြောင့်ကြမှုမရှိပဲ​နေလာခဲ့ရတာ​ကြောင့် အပူ​တွေဆိုတာကသူနဲ့လုံးဝကိုမလိုက်ဖတ်တဲ့အရာဖြစ်သည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now