Part[13]

8.9K 746 6
                                    

​နေ ​ရေချိုးပြီးလို့ ​ရေချိုးခန်းထဲက​နေထွက်လာ​တော့ ဟိုလူက အခန်းထဲ​ရောက်​နေသည်။ ဒီ​နေ့က သူတို့သားအဖအလုပ်နားကြသည်ထင်တယ် ဒါ​ပေမဲ့ မနက်၁၀ နာရီ​လောက်က​တော့ အန်ကယ်ကအပြင်ထွက်သွားသည်။ ​နေ ဒီအိမ်ကို​ရောက်လာပြီး​နောက်ပိုင်း မနက်စာအတူစားဖြစ်​ပေမဲ့ ​နေ့လည်စာနဲ့ညစာကို မစားဖြစ်​ပေ။ ​နေ့လည်ဆိုရင် သူတို့သားအဖက မရှိကာ ညဆိုရင်​တော့ ​နေကမရှိတာဖြစ်သည်။ မနက်စာအတူစား​ပေးတာ​​တောင် အန်ကယ့်ကို အားနာလို့ဖြစ်သည်။

ဟိုလူက​ မနက်က​တော့ ပန်းပင်​တွေစိုက်ထားတဲ့​ဘောင်​တွေနားမှာသန့်ရှင်း​ရေးလုပ်​နေသည်။ အရင်​နေ့​တွေက သူတို့ပြန်လာခါနီး ည​နေဘက်​တွေမှ အပြင်ထွက်ဖြစ်တာဖြစ်​​​သော်လည်း ဒီ​နေ့တစ်အိမ်ထဲအတူမရှိချင်တာ​​ကြောင့် ​စော​စောစီးစီး အပြင်သွားဖို့ကို ပြင်ဆင်​နေလိုက်တာ။

မိုး​ပြေးသဏ္ဍာန်က သူ့ကိုကြည့်လာပြီး တစ်ခုခု​ပြောချင်​နေတဲ့ပုံစံပင်။ ​နေ တည့်တည့်စိုက်ကြည့်​ပေးလိုက်ကာ...

"ဘာလဲ ခင်ဗျား"

"ဟို...ကိုယ့်ကို တစ်မျိုး​တော့မထင်ပါနဲ့"

​ပြောလိုက်ရင်အမြဲ အားတုံ့အားနာပုံစံနဲ့ပဲ ပြီးရင် ​နေ့ကို ဂရုမစိုက်ဘဲလုပ်ချင်ရာလုပ်သည်။

"အဟင်း! ​ပြောပါအုံး"

"ဒါ​လေး၊ ​​ရောင်လွှမ်းလိုမယ်ထင်လို့ပါ ပြီး​တော့မိဘ​တွေဆီက​တောင်းလို့မ​ကောင်း​တော့ဘူးမလား"

​နေ့ဆီကို ကဒ်တစ်ကဒ်လှမ်း​​ပေးလာသည်။ ​​နေ သူ့လက်ထဲက ကဒ်ကို ချက်ချင်းမယူ​သေးဘဲ ခပ်​ထေ့​ထေ့ကြည့်ပြီးမှဆတ်ကနဲဆွဲယူလိုက်သည်။

"သုံးစရာ​ကုန်​​တော့မှာနဲ့ အ​တော်ပဲဖြစ်သွားတာ​ပေါ့ အဟက်! အိမ်​ထောင်ကျသွားတာလည်းဘယ်ဆိုးလို့လဲ"

​နေ ခပ်​​လှောင်​လှောင်​ပြော​တော့ မိုး​ပြေးသဏ္ဍာန်က မျက်နှာမထားတတ်​အောင်ဖြစ်သွားသည်။

"ကိုယ်...​ရေချိုးလိုက်အုံးမယ်"

မို​ပြေး ​ရောင်လွှမ်းရဲ့​ရှေ့က​နေ ​ရှောင်ထွက်လာသည်။ သူတကယ် ကဒ်​ပေးဖို့ကို ချိတုံချတုံဖြစ်​နေခဲ့တာ ဒါ​ပေမဲ့ ​ရောင်လွှမ်းအတွက်အသုံးလို​နေမှာ​ကြောက်တာ​ကြောင့်ထုတ်​ပေးခဲ့ရတာ။ အခုအချိန်ထိ သူ့မိဘ​တွေဆီမှာ​တောင်းသုံးရတယ်ဆိုရင် မိုး​ပြေးအားနာမိတာ​ကြောင့်ဖြစ်သည်။ ​​ရောင်လွှမ်းရဲ့အကြည့်​တွေက သူ့ကိုနှိမ်တယ်လို့​ပြော​နေတာမျိုး အပြုအမူ​တွေကလည်း ဂျစ်တိုက်​နေသည့်​ကောင်ငယ်လေးလိုပင်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now