Part[15]

9.9K 927 12
                                    

မနက်စာ ထမင်းစားဝိုင်းက ခါတိုင်းထက်ပိုပြီးတိတ်ဆိတ်​နေသည်။ အရင်​နေ့​တွေဆို အန်ကယ်ခန့်ညားက ​နေ့ကို စကားစမြည်​ပြော​သေးသည်။ ဒီ​နေ့​တော့ ​နေကလည်းတိတ်ဆိတ်​နေမိကာ အ​ရှေ့ကလူဆီသို့သာ မကြာခဏ အကြည့်​ရောက်​နေမိသည်။

"သား ​နေမ​ကောင်းဘူးလား"

"ဗျာ ​ကောင်းပါတယ်ဒယ်ဒီ ဘာလို့လဲ"

"​သြော် ဆွယ်တာကြီးဝတ်ထားလို့​လေ"

"ဟင်!"

"အဟွတ်! အဟွတ်"

"သား​နေ ရရဲ့လား သီးသွားတယ်ထင်တယ် ​ရေ​သောက်လိုက်အုံး"

​နေ့ ဆီကအသံထွက်သွားတာဖြစ်သည်။ ​သောက်​နေတဲ့​ကော်ဖီ​တွေက လည်​ချောင်းထဲက​ပြောင်းကပြန်​တောင်ဖြစ်သွားသ​လို။ အန်ကယ်ကလည်း ​ဖန်ခွက်ထဲသို့ရေထည့်​ပေးလာကာ ​နေ့ဆီကိုကမ်း​ပေးလာသည်။ အ​ရှေ့ကလူကလည်း မျက်နှာဟိုလွှဲဒီလွှဲနဲ့။

ဟိုလူက အရင်​နေ့​တွေနဲ့မတူညီစွာ ဆွယ်တာ အဖြူ​ရောင်လည်ပိတ်ကိုဝတ်ထားသည်။ ဒါက ဘာလို့ဝတ်ထားလဲဆို​တာ​နေသိ​ပေမဲ့ မသိတဲ့သူ့ဒယ်ဒီက​မေးလာသည်။ မ​အေး​နေတဲ့ရာသီဥတုမှာ ဆွယ်တာဝတ်ထားမှ​တော့ သူ့ဒယ်ဒီကစိတ်ပူပြီး​မေး​တော့သည်။

"သားကလည်း ​နေမ​ကောင်းဖြစ်​နေရင် ဒီ​နေ့တစ်ရက်နားလိုက်​လေ အ​ရေးကြီးတာ​တွေပဲ သား PA ဆီဖုန်းဆက်ပြီးပဲ​ပြောလိုက်​ပေါ့"

"ရပါတယ်ဒယ်ဒီ ကျွန်​​​တော် နည်းနည်းအ​အေးမိ​နေလို့ပါ အရမ်းကြီးမဟုတ်လို့ အလုပ်​တော့မနား​တော့ဘူး"

"​တအားကြီးလည်း အလုပ်ကိုတွန်းလုပ်မ​နေနဲ့ နားချိန်တန်နား ကြားလားသား စီးပွားဆိုတာ အချိန်မ​ရွေးပြန်ရှာလို့ရတယ် ဒါ​ပေမဲ့ ကုန်သွားတဲ့အချိန်​တွေက​တော့ ဘယ်လိုပဲပြန်ရှာပြန်ရှာမရနိုင်ဘူး"

"ကျွန်​တော်နားလည်ပါတယ်ဒယ်ဒီ"

"​အေးအေး စားပြီးရင် ​ဆေး​​သောက်လိုက်အုံး"

"ဟုတ်ကဲ့"

ဟိုလူက အ​အေးပတ်တယ်သာ​ပြော​ပေမဲ့ ဆွယ်တာ​​ထောင့်စွန်းတစ်​နေရာမှာ အနည်းငယ်​လေးမြင်​နေရတဲ့ အနီကွက်​ကိုဖုံးချင်လို့ဝတ်ထားတယ်ဆိုတာ​နေသိသည်။ အဲဒီ့အနီကွက်​လေးအပြင် သူလည်ပင်းအတွင်းသားတစ်ဝိုက်မှာလည်း ထိုနည်းတူ အနီ​ရောင်အကွက်​​လေးတွေရှိ​နေမှာ ​ဗေဒင်​မေးစရာပင်မလို။ သူတို့ညက နမ်း​နေရင်းနဲ့ ထိုလူ့ရဲ့လည်ပင်းသား​တွေအထိ ​နေ ခရီးဆက်ခဲ့သည်ပဲ။ မနက် မိုးလင်းလာ​တော့ နှစ်​ယောက်လုံးအိုးတိုးအမ်းတမ်းဖြစ်​နေရသည်။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now