2

507 51 7
                                    

."ဖြောင်း.....''

ရိုက်ချက်တစ်ခုသည် အိမ်တော်ကြီးထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာ၏။ ဘေးနားတွင် မမကအတင်းဝင်တားနေပုံဖြစ်ပြီး ရိုက်ချက်တစ်ခုကြောင့် သူ့နားပါအူထွက်သွားသည်အထိ မေမေ့၏ပဲ့ပြင်မှု့တွေပါပေါ့။ သို့သော်သူအရိုက်ခံနေရလည်းမျက်နှာတော့မပျက် ထိုင်နေသည့်ဆိုဖာပေါ်တွင်ပင် ပြန်ပြီးငြိမ်ထိုင်နေသေးသည်။

"ပြဿနာထပ်ရှာပြန်ပြီ ...ကျောင်းကိုအေးဆေးတက်ပြီး နေပါလို့ပြောထားတယ်မလား ဂျောင်ဟိုဆော့ရယ်...
နင် နမ်ဂျွန်ကိုလည်း ဘယ်လောက်တောင်ဖျက်ဆီးထားမှန်းမသိ အခုဆိုဒီကောင်လေးက ဘာဖြစ်ဖြစ်လက်ပါတက်နေပြီ။ နင် ငါ့ကိုအရွဲ့တိုက်တာ ရပ်လိုက်တော့ရင်ကောင်းမယ် ဂျောင်ဟိုဆော့... ။ ''

ဟိုဆော့သည် ပျက်ယွင်းသွားသောဆံပင်ကိုတစ်ချက်သပ်တင်လိုက်ကာ ထိုအတိုင်းသာနေသည်။ ဂျစ်ကန်ကန်ပုံစံတွေဖြင့် နေသားတကျဖြစ်နေသည်မှာ အထက်တန်းဒုတိယနှစ်ကတည်းကပင်။ ဆိုလိုသည်ကလိုချင်တာမရလို့ပုံစံပြောင်းပြီးပုန်ကန်နေသည့်ဆယ်ကျော်သက်အထက်တန်းကျောင်းသားပုံစံပင်ဖြစ်မည်။

"ရှင်းရှင်းလေးပဲ ဆိုးလ်သွားဖို့ခွင့်ပြုလိုက်လေ!!''

''သားငယ် လေသံပြင်စမ်း!!''

မမသည်ကြားထဲက လှမ်းဟန့်ပြန်၏။

''ကျွန်တော် သီချင်းဆိုချင်တယ်မမရာ...''

"ဘာမှဟုတ်တိပက်တိဖြစ်လာမှာမဟုတ်ဘဲ မပြောစမ်းပါနဲ့ဟိုဆော့ရယ်။ နင်က ငါ့အားကိုးနဲ့မို့ဒီလောက်ထိနေနိုင်နေတာ အနုပညာတဲ့...နင်ရှာစရာမလိုအောင်ငါရှာထားခဲ့ပါတယ်''

လက်ညိုးတထိုးထိုးနှင့်မေမေဆိုသည်။မေမေ့ပုံတွေသည် သူ့အားရင်ထုမနာနှမြောနေပုံ။ လိမ္မာပြလို့မရလို့ဆိုးပေပြသည်ကိုတော့လျစ်လျူရှုနေတုန်းပင်ဖြစ်သည်။

"ဒါ ကျွန်တော့ရဲ့အိပ်မက်လေဗျာ...''

"နင့်အိပ်မက်တွေမလိုဘူး ...နင့်အဖေဘယ်လိုသေခဲ့ရလည်းမြင်လား ...စိတ်ဖိစီးပြီး သတ်သေသွားတဲ့အထိကို အဲ့ဒီ့အနုပညာကပဲသတ်လိုက်တာ...နင်သိရဲ့သားနဲ့ ...''

_JK_ [yoonkook/jihope]Where stories live. Discover now