27

315 37 35
                                    


*တစ်စုံတစ်ယောက်ချောင်ပိတ်မိနေချိန်မှာ အကူအညီမပေးမိစေနဲ့ အဲ့တာဟာအခွင့်အရေးယူခြင်းမျိုးပဲ*တဲ့...
theoryတော့မဟုတ်ဘူး စာအုပ်ထဲကစကားလုံးတွေလည်းမဟုတ်ခဲ့ဘူး
ဒီတိုင်း သူ့ရင်ခုန်ရာလေးနဲ့ပတ်သက်ပြီးမှစပ်ဆက်မိသွားတဲ့စကားလုံးလေးတစ်ချို့ပါပဲ။
ဟုတ်တယ်.... သူပါ့ခ်အပေါ် အခွင့်အရေးယူလိုက်တာ
ပြောခဲ့ဖူးသားပဲ သူကလူကောင်းတစ်ယောက်တော့ဟုတ်မနေခဲ့ပါဘူးလို့ သူဆိုတာဆိုးသွမ်းခဲ့ဖူးတဲ့လူငယ်တစ်ယောက် ပြစ်ချက်တွေနဲ့လူတစ်ယောက်ကောင်းချင်ယောင်ဟန်ဆောင်နေတဲ့လူတစ်ယောက်
ဒါပေမယ့်လည်းအလှလေးကသူ့ဘက်မှာမှရှိမနေခဲ့တာ အခွင့်အရေးဆိုတာဟာလည်းတစ်ဖက်က
ကြည့်ရင်စည်းဘောင်တွေနဲ့အနိုင်ယူထားသလိုပဲမြင်မှာမဟုတ်လား။ဒီလိုအမြင်ခံနေရတာတောင် တန်ရဲ့လားဆိုတန်မှာပါ သူ့အတွက် လုံးလုံးလျားလျားပြစ်ချက်ကင်းတဲ့ပါ့ခ်ဂျီမင်ပဲဟာ။
.
.
.

''ဟိုဆော့.. ဒီအချိန်ကြီးကောင်လေးကဘယ်ထွက်သွားပြန်တာတုန်း''

''ဘယ်ထွက်သွားလဲတော့ငါလည်းမသိဘူး...ရတယ်.....ငါအခုပဲလိုက်သွားလိုက်မယ် မမ''

အပေါ်ထပ်အင်္ကျီကို သပ်ရပ်စွာပြန်ဝတ်ပြီးပြောတော့ မမသည်စိတ်တိုင်းမကျဟန်ရှိနေ၏။ ဒီအချိန်ကြီးမှမပြောမဆိုထွက်သွားတာအိမ်ကလူတွေကိုအရေးမစိုက်ချက်ပဲမဟုတ်လား။ ဘာတွေများအခုထိမပြီးမပြတ်ကြသေးလို့လဲ။ ပါခ့်ဂျီမင်တို့အသုံးချချက်ကြီးက နည်းနည်းလေးတောင်အားနာမှု့မရှိပေးတာပါလား။

''ခနနေပါဦး...မပြောမပြောနဲ့ သုံးလကျော်သွားလို့မမပြောမှရတော့မယ်...အိမ်ကိုလည်းမသိချင်ယောင်ဆောင်ပေးပါ သူဒီမှာလာနေတော့မှာဆိုပြီးပြောထားလို့ မမတို့ဂျီမင်ကိုစိတ်ခုအောင်တောင်မလုပ်ခဲ့ဖူးဘူး....ရှင်းရှင်းပြောရရင် ဒီကောင်လေးပျက်စီးနေတဲ့ပုံတွေမမတို့အိမ်မှာလာလုပ်ပြနေတာတောင်ငါ့မောင်စိတ်ညစ်မှာစိုးလို့ မမတို့စကား တစ်ခွန်းတောင် မဟခဲ့ဖူးဘူး။အခု ဘာတုန်းအဲ့ကောင်လေးက ....နင်အခုထိပြတ်ပြတ်သားသားမလုပ်နိုင်သေးပါ့လား ...ဟင်...သူကနင့်ကိုစိတ်ထဲတောင်ရှိရဲ့လားကွယ်... မမတော့အဲ့လိုမမြင်မိပါဘူး''

_JK_ [yoonkook/jihope]Where stories live. Discover now