19

279 56 29
                                    

အရာရာအဆင်ပြေချင်ယောင်ဆောင်ထားတဲ့ ဆက်နွယ်မှု့တစ်ခုက ဟန်ဆောင်မှု့တွေအတိုင်းသားနဲ့။
အပေါက်အဖာတွေများလွန်းတော့ မနိုင်ဝန်ထမ်းနေရသလိုဖြစ်နေပြန်တော့
ဘေးလူတွေက သိသာနေပါပြီရပ်လိုက်ပါတော့ဆိုတာတောင် လူလိမ်ကောင်က ဂျုန်းမျက်နှာပဲကြည့်တာပါဆိုပြီး မော်ကြွားနိုင်သေးတယ်။

အခြေအနေတွေကကွာခဲ့ပြီ
ပျက်စီးနေတဲ့လူမို့ နှာခေါင်းရှုံ့တော့ ရပါတယ်ဂျုန်းမို့ချစ်နိုင်သေးတယ်ဆိုပြီး အတင့်တွေရဲလိုက်သေးတာ။

မတန်ဘူးလို့ပြောခဲ့သေးတဲ့ပါးစပ်တွေကအခုတော့ ချစ်လွန်းတဲ့စကားတွေ လှလှပပလိမ်လည်ထွက်နေတာမြင်တော့
ဂျေကေတို့က ခနဲ့ချင်တဲ့စိတ်လေးကထိုးထွက်လာပြန်တော့လည်း အလှည့်ရောက်ပြီပေါ့။

တစ်ယောက်တည်းဇာတ်တွေနာပြလိုက် ငိုပြလိုက် မခွဲနိုင်တော့ပါဘူးဆိုပြီး ဂျေကေ့ခြေဖဝါးအောက်ရောက်လိုက်နဲ့ မင်ယွန်းဂီတို့များ လူလိမ်စိတ်ဓာတ်တွေကအခုထိမပျောက်သေးလိုက်တာများ။

ချစ်ပါတယ် ချစ်သေးတာပေါ့မဟုတ်ဘဲ ချစ်နေဆဲပါ။
ချစ်ခဲ့တာတွေကအဆုံးမရှိအောင်များလွန်းခဲ့တော့ မြင်ဖို့တောင်ခက်ခဲလွန်းနေပြီး ဒါအချစ်ပါလို့ပြဖို့တောင်ပြစရာမရှိတော့တဲ့အထိ ချစ်ပေးခဲ့တာ။
မုန်းချင်တာ နာချင်တာ
မုန်းမရနာမရတဲ့အပြင် ချစ်လွန်းအားကြီးလို့နောက်ဆုတ်ပေးခဲ့ရတဲ့အထိပဲမဟုတ်လား။

ဂျေကေဆိုတဲ့သူက ပြောင်းလဲမှု့တွေရှိခဲ့ပေမယ့် ဂျေကေပြောင်းလဲလို့မရခဲ့တာ နှင်းခဲလေးပေါ်ထားတဲ့အချစ်တွေပဲ။

ပေးသလောက်အချစ်တွေပြန်မရတဲ့အပြင် လှောင်ပါလှောင်သွားသေးတော့ မင်ယွန်းဂီတို့များယုတ်မာချက်။
တစ်ယောက်တည်းချစ်နေရတဲ့ အချစ်မို့မတန်တော့လို့လက်လွှတ်ပေးလိုက်တာလေးပါ။ သေချာပေါက်မချစ်ဘူးလို့ပြောခဲ့လို့ သေလိုက်ဖို့အထိရဲတင်းခဲ့ရတာတွေက အခုမှချစ်လှပါချေရဲ့ဂျေကေ့ကိုကြိုက်လှပါချေရဲ့ဆိုတော့ ကိုယ်တိုင်တောင်ဘာလုပ်ရမှန်းမသိခဲ့တော့တဲ့အထိ မင်ယွန်းဂီလှည့်ကွက်တွေလား။

_JK_ [yoonkook/jihope]Where stories live. Discover now