5

432 47 10
                                    

EUPHORIAညသည် အတော်ပင်အပန်းပြေသော်လည်း ဟိုဆော့အရက်တစ်ခွက်ကုန်သည်အထိပင်သည်းမခံနိုင် အရက်ဝင်လိုက်သည်နှင့်ပင်ငြိမ်ကုတ်သွားတက်သည်။ လီဒါဂျွန်ကတော့ဘယ်လောက်သောက်သောက်မမူးသည့်ပုံပင်ဖြစ်ပြီး ခပ်ဝေးဝေးတစ်နေရာက ကခုန်နေသည်ကိုပင် စိတ်မပါသည့်ပုံစံတွေဖြင့်ငေးကြည့်နေသေး၏။

သူ့ဖီးလ်နဲ့သူမို့ဟိုဆော့စကားစတော့ စမထွက် ငြိမ်ရင်းသာနေနေပြီး ယွန်းဂီအားစောင့်နေလိုက်သည်။

တံခါးဖွင့်သံကြားရကာမှ ဆိုဖာတွေပေါ်မှီရာကနေထထိုင်လိုက်ကာ ဟိုဆော့တို့ စိတ်မရှည်စွာဖြင့် ပြန်ဖို့ပြင်သည်။

''သန့်စင်ခန်းတစ်ခါသွားတာကြာလိုက်တာ ယွန်းဂီရာ...ပြန်ရအောင်..ပင်ပန်းလာပြီ''

ဟိုဆော့သည်စိတ်မရှည်စွာနှင့်ပင်ကားသော့ကောက်ကိုင်ကာထထွက်တော့မည့်ဟန်ဖြင့်ဆိုတော့ အနည်းငယ်ပုံပျက်နေသည့်
အင်္ကျီတွေဖြင့်ယွန်းဂီဆိုဖာပေါ်ခနထိုင်ရင်း ဆံပင်တွေဆွဲဖွပစ်သည်။ပြန်ဖို့အဆင်သင့်ဖြစ်နေသူနှစ်ဦးကတော့ ခပ်လောလောဖြင့်
ယွန်းဂီပုံစံကိုကြည့်ရင်း
စိတ်မရှည်ကြဘဲ ဖြစ်နေကြပြန်၏။

''ဂျုန်းကို ငါဒီမှာတွေ့ခဲ့တယ် ''

ခပ်တွေးတွေးအသံတွေနှင့်ဆိုလိုက်သည့်
ယွန်းဂီစကားကြောင့်နမ်ဂျွန်ရော ဟိုဆော့ပါသိချင်စိတ်ကြောင့် ပြန်ထိုင်လိုက်ရင်း ယွန်းဂီအခြေအနေကိုအကဲခတ်ကြည့်သည်။
ယွန်းဂီပုံစံတွေသည် တုန်ရီနေသလိုဖြစ်နေသေး၏။

''ဘာတဲ့တုန်း... မင်းသူ့ကိုစကားပြောခဲ့ရဲ့လား... ။''

ဟိုဆော့ကမေးတော့ ယွန်းဂီသည်ခပ်တွေတွေသာငြိမ်နေရင်းခေါင်းငြိမ့်ပြသည်။

''မထင်ထားဘူး...ဒီပုံစံတွေဖြစ်သွားမယ်လို့''

''ဘာအဓိပ္ပါယ်တွေများလဲ ယွန်းဂီ! စကားကိုမရှင်းမရှင်းမပြောနဲ့''

နမ်ဂျွန်ကယွန်းဂီကိုကြည့်ရင်းအားမလိုအားမရဖြင့်မေးတော့ ယွန်းဂီအနည်းငယ်တော့လှောင်ပြုံးဖြင့်ရီသည်။

'' ဝဋ်တွေစလည်တော့မှာ''

''ယွန်းဂီ...ဒါဘာစကားတုန်း''

_JK_ [yoonkook/jihope]Where stories live. Discover now