24

343 52 48
                                    

ဟိုဆော့ထွက်သွားကတည်းက နမ်ဂျွန် အနောက်ကထပ်ကြပ်မခွာလိုက်ခဲ့ပြီး တိုက်ခန်းရဲ့ခပ်လှမ်းလှမ်းနေရာမှာ စောင့်နေလိုက်သည်။

ချစ်တာ မက်မောတာခနထား အဓိကကသူ့အရိပ်လေးကိုစိုးရိမ်လာလို့။

ခနကြာတော့ သေချာပါတယ် ဟိုဆော့ကိုအရူးလုံးလုံးဖြစ်အောင် စွဲလန်းသွားအောင်လုပ်ခဲ့တဲ့ အဲ့ဒီ့အမျိုးသား ဟိုဆော့တိုက်ခန်းဆီရောက်ချလာတယ်။ ပိုင်ရှင်ရှိရက်သားနဲ့တောင် ထွက်သွားထွက်လာနဲ့ဘယ်လိုစရိုက်မျိုးလဲ။
.
.

''ပြန်တော့မလား ''

''အင်း...ပြန်ရတော့မှာပေါ့''

ထိုအမျိုးသား တိုက်ခန်းထဲဝင်သွားတာ နာရီဝက်ကျော်ကျော်ရှိပြီးကာမှ နမ်ဂျွန်ပြန်ဖို့သတိဝင်မိသည်။

ဒါလည်းအပူပါပဲလား မပိုင်ရတော့မှန်းသိတာတောင် တစ်ခါတစ်လေသတိလက်လွတ်သူ့တိုက်ခန်းရှေ့လာလာစောင့်နေမိတာ။ အရင်ဆို မမြင်ရက်မကြည့်ရက် ပျော်ပါးနေတော့လည်းပူလောင်လိုက်ရတာ။

အချစ်ကတကယ်ခက်ခဲတာပဲ မချစ်ဘဲနေမလို့ပါဘဲ 'နမ်ဂျွန်... ငါသူ့ကိုအမြင်ကတ်တယ်'လို့ပြောယုံနဲ့ နမ်ဂျွန်ဆိုတာသွေးထွက်အောင်ရိုက်ပြီးနေပြီ။ မချစ်ဘဲနေမလို့ပါဘဲ 'ဂျွန်ရေငါတို့တွေ့ရအောင်'လို့စာတစ်စောင်ဝင်လာတာနဲ့ သူ့မှာရင်တွေခုန်တာထိန်းမနိုင်သိမ်းမနိုင် ရင်ဘက်တွေဖိပြီးအပြေးသွားတွေ့ရပြီ။

ဆိုးခဲ့တုန်းကလည်းဒီလူပါသလို လိမ္မာပြန်တော့လည်းဒီလူကတွယ်ကပ်နေပြန်ရော... ။အချစ်တွေကတော့ဘယ်တော့မှမမြင်ခဲ့ဘဲ အခုတော့အရှုံးသမားလို့တိုက်ခန်းရှေ့စောင့်နေရတာ။ ကင်မ်နမ်ဂျွန်က ရှုံးလည်းဂျောင်ဟိုဆော့ကိုပဲချစ်တာ အနိုင်ယူနေလဲဂျောင်ဟိုဆော့ကိုပဲကြည့်နေတက်တာ။

အရိပ်လေးကိုကျွန်တော်က ပူပူလောင်လောင်နဲ့ကိုချစ်နေရတာ။

''ခနလေး!! ခနလေးစောင့်နေပေး ''

ပြန်မလို့လုပ်ပြီးကာမှ ထိုအမျိုးသားငယ်ပြန်ထွက်လာတော့ အခြေအနေကတစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား။ ချစ်နေရတာကျွန်တော်ပါ ပူလောင်ရတာလည်းကျွန်တော်ပဲမို့ ကျွန်တော့အရိပ်လေးကိုကျွန်တော်စိတ်မချတာသဘာဝမဟုတ်လား။
.
.

_JK_ [yoonkook/jihope]Where stories live. Discover now