14

254 49 12
                                    

အချစ်ရဲ့အခြားနာမည်တစ်ခုက အပြာရောင်တဲ့
အဓိပ္ပါယ်ကတော့ရိုးရှင်းပါတယ်

အချစ်ကတစ်ခါတစ်လေ ထူးဆန်းတယ်
တစ်ခါတစ်လေ အေးစက်လာတယ်
တစ်ခါတစ်လေကျတော့လည်း သူမတူအောင်ရက်စက်ပေးတက်တယ်

အချစ်ဆိုတာ လှပခြင်းတစ်ခုပဲအမြဲမဟုတ်နေဘဲ
အထီးကျန်ဆန်ခြင်းတွေနဲ့လည်းယှဉ်တွဲနေသေးတာ
အဲ့ဒီ့အချစ်ဆိုတာနဲ့ ဘေးနားအတူရှိနေတာတောင် အထီးကျန်ဆန်နေသလိုခံစားနေရတယ်
ဒါတွေက လူတွေပြောနေတဲ့အချစ်တွေပါတဲ့ ကျွန်တော့အတွက် ရီစရာမကောင်းဘူးလား

ဒါတွေထပ်ပြီးမလိုချင်တော့လောက်အောင်
အချစ်ဆိုတဲ့အပြာရောင်တွေက မခံစားနိုင်တော့တဲ့အထိ
ချစ်နိုင်သလောက်ချစ်ပေးခဲ့ပါတယ်
တာဝန်ကျေတာထက်ပိုပြီး ကျွန်တော်ဟာတာဝန်ကျေခဲ့ပေးပါတယ်
ဒါပေမယ့်ပေးတဲ့အချစ်တွေက မထိုက်တန်ဘူးဆိုတာသိလာတဲ့အခါ
တစ်ခါတစ်လေများကျရင် အရူးလိုအော်ရယ်မိတဲ့အထိ
တစ်ခါတစ်လေ အရူးလိုငိုမိပြန်တဲ့အထိပါပဲ...

ဘဝတွေကို အပြာရောင်တွေ ဖုံးလွှမ်းစေခဲ့တာ
လှပခြင်းမမည်တဲ့အချစ်တွေနောက်အရူးလိုလိုက်ခဲ့တာ ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကပဲ ကျွန်တော့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတာမို့ ဒီနာကျင်ခြင်းတွေကိုလည်း ကျွန်တော်ဟာလက်ခံနိုင်ခဲ့ပါတယ် ။

ဘယ်လောက်ထိချစ်လဲလို့ မေးစရာမလိုတော့အောင် အဆုံးမဲ့တဲ့အချစ်တွေပါ ။
ချစ်သေးလားလို့ မေးစရာမလိုအောင် ချစ်နေဆဲပါ ။
မတန်တော့တာလေးတစ်ခုပါပဲ ။

.
.
.
''ဘယ်ပုံကြိုက်လဲရွေး ...''

ဖုန်းထဲအသစ်သစ်သောတက်တူးတွေရဲ့ပုံစံတွေကိုရှာပြီးလှမ်းပေးတော့ ယွန်းဂီခေါင်းခါသည်။
ထိုအခါနားမလည်သည့်ပုံစံဖြင့် ဂျေကေအကြည့်ပို့လိုက်၏။

''ဂျုန်းနာမည်ပဲထိုးပေး ထင်းနေအောင်ထိုး ''

''ဘာဆိုင်နေလို့လဲ ''

''ကိုယ့် အတွက်ကဆိုင်တယ်လေ ဂျုန်းကကိုယ့်အတွက်ဘဝတစ်ခုဖြစ်နေပြီ !! ''

ထိုစကားတွေကြောင့်
ဂျေကေဟက်ခနဲရီကာ လှောင်လိုက်ရင်း အပ်တစ်ချောင်းနှင့်အရင်ပုံချလိုက်သည်။
ယွန်းဂီအခန်းထဲက
ဆိုဖာတစ်ခုပေါ်နှစ်ယောက်သားထိုင်လျက် တက်တူးထိုးနေသည်ကကျကျနနပါပဲ။
ယွန်းဂီရဲ့ ညာဘက်လည်ပင်းဖြူဖြူလေးပေါ် အနုစိတ်ကာနေသည့် စာလုံးလေးသည်လည်း တဖြည်းဖြည်းပုံပေါ်လာပြီး
ထိုအရာလေးသည်ပင်ကြွတက်လာသည်အထိ လက်ရာမြောက်လွန်းလှပါ၏။

_JK_ [yoonkook/jihope]Where stories live. Discover now