25

467 50 81
                                    


အားနာတာ သနားတာ ချစ်တာ တစ်ပြိုင်နက်တည်းခံစားနေရတဲ့ သူက ဘဝတစ်ခုလုံးအပ်နှံပြီးဂျီမင်ဆိုတဲ့ဘဝလေးတစ်ခုတည်ဆောက်ဖို့ကြိုးစားခဲ့တာပါပဲ။ ကံကြမ္မာကဒီလိုပဲ သိပ်ချစ်ရပြီဆိုသိပ်ဖျက်ဆီးချင်ကြတာ။

ကျွန်တော်ဟာအမှားပေါင်းများစွာနဲ့မို့ ပြန်လည်ကုသခြင်းတွေလုပ်ခဲ့ပေမယ့် ကျွန်တော့ဂျီမင်လေးကတော့ဒါကိုလက်မခံ။

အဲ့ဒီ့နေ့ကလည်း ကံဆိုးတာပါပဲ။ လူငယ်မို့လက်တည့်စမ်းကြည့်လိုက်တာလေးက ဘဝမှာအမှားကြီးကြီးတစ်ခုဖြစ်သွားရတဲ့အထိပဲ။
သိပ်ကိုရဲတင်းလွန်းတဲ့ ဆယ်ကျော်သက်အရွယ်မှာ အမှားဆိုတာမရှိလောက်ဘူးလို့ထင်ထားပေမယ့် သွေးတွေနဲ့ကောင်လေးက ပြေးပြီးအကူအညီလာတောင်းနေတယ်။ သူ့နှဖူးကသွေးတွေစီးကျနေတာတောင် ကားတံခါးတွေအလျင်စလိုဖွင့်ခိုင်းနေတယ်။ သူသိပ်ကြောက်နေလို့ သူတိုက်မိလိုက်တဲ့လူနှစ်ယောက်ကသူ့ကိုအကူညီပြန်တောင်းနေတာမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးခဲ့တာ။ ဒါတောင်ကားအနောက်ကပြေးလိုက်လာတဲ့ကောင်လေးက ကူကယ်ရာမဲ့ သိပ်သနားစရာ။

ဘာတွေဆက်ဖြစ်သွားလဲမသိချင်တော့သလို သူဆိုတာမိဘအားကိုးနဲ့ဘဝကိုလွယ်လွယ်ကူကူဖြတ်ကျော်နိုင်ပေမယ့် သူဖျက်ဆီးခဲ့တဲ့ဘဝနှစ်ခုကတော့ ရှင်သန်နိုင်ဖို့ အသက်လုနေရတယ်။ ဒါတွေလည်းဂရုမစိုက်မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဆိုးနေသွမ်းနေပေမယ့် သူဖျက်ဆီးဖူးတဲ့ဘဝတစ်ခုကပျက်စီးသွားတာတွေ့တော့ ရင်မဆိုင်ရဲတော့လို့ဖုံးဖိထားရပြန်တယ်။

ဘဝမှာတွေးတောင်မတွေးကြည့်ဖူးတဲ့ အချစ်စစ်တစ်ခုကိုရလိုက်တော့လည်းအမှားလေးတွေကြောင့်ရှေ့မဆက်ရဲ။ သိပ်မုန်းသွားမှာသိပ်ကြောက်ရသလို ဆုံးရှုံးလိုက်ရမှာလည်းသိပ်ကြောက်ခဲ့တာ။

ကျွန်တော်ဟာဂျီမင်ကို သိပ်ချစ်ပါတယ်။ အပြစ်တွေခွင့်လွှတ်ပေးနိုင်ရင် ဘဝတစ်လျောက်လုံးသူ့ခြေဖဝါးအောက်ပြားပြားဝပ်နေသွားဖို့အထိ တွေးထားတာမို့ အပြစ်တွေခွင့်လွှတ်ပေးပါဦး ကျွန်တော့ရဲ့နတ်သားလေးရယ်။

ဒီလိုပဲ ဘဝမှာတစ်ကြိမ်တစ်ခါတော့ ဆိုးဝါးမှု့တွေကြုံဖူးကြမယ်ထင်တယ်။ ဒါကိုပဲ သင်ခန်းစာယူပြီး ပြန်လည်ပြင်ဆင်လိုက်တဲ့လူတွေရှိပေမယ့် ကျွန်တော့ကတော့ဒီလိုမဟုတ်။ နောက်မှာအရှိန်အဝါတွေရှိတာမို့ဂရုစိုက်စရာမလိုတော့ဘူးလို့ထင်ခဲ့တဲ့အထိ စိတ်ဓာတ်တွေကပျက်စီးပြီးရင်းပျက်စီးခဲ့တာ။ နောင်တရစရာမလိုပါဘူး တန်ရာတန်ကြေးပေးခဲ့ပြီးသားဆိုပြီး မျက်နှာပြောင်တိုက်ခဲ့တာ။ ဆိုးဝါးချက်ပဲ။

_JK_ [yoonkook/jihope]Where stories live. Discover now