26

470 43 28
                                    

''ဂျီမင် အဆင်ပြေရဲ့လား...''

အညိုရောင်ကုတ်တစ်ထည်ကိုင်ထားရက်နှင့် ဆံပင်အပြာလေးက မို့အစ်နေတဲ့မျက်လုံးတွေနှင့်စကားဆိုတော့ ဟိုဆော့ခုံတန်းလေးကနေထပြီးနေရာဖယ်ပေးလိုက်ရသည်။

'' အခုတော့စိတ်ချရပြီလို့လာပြောသွားတယ်... အူအတက်ပေါက်တာလေ...အသေးစားခွဲစိတ်မှု့တစ်ခုတော့ လုပ်ထားရတယ် ''

''အင်း...''

''ကျွန်တော်နိုင်ငံခြားသွားတော့မှာမို့လို့ လာနှုတ်ဆက်ရုံပါ။ ဒီလောက်တော့ရမယ်မဟုတ်လား''

ဂျီမင်လက်လေးကိုကိုင်ပြီးခုံတန်းမှာထိုင်ရင်းဟိုဆော့အားမော့ကြည့်ကာမေးတော့ သူအလိုက်ထိုက်ခေါင်းငြိမ့်ပြလိုက်ရသည်။ သိပ်တော့မရချင်ဘူးလို့ ပါးစပ်ကတော့မထွက်လိုက်မိ။ အပြာရောင်လေးကဦးစွာကိုင်ထားနှင့်ပြီကို။

''ကျွန်တော်က မပြတ်ဘူး!! သူလည်းမပြတ်ဘူး ...ဒါကိုခင်ဗျားလည်းသိတယ်... ဒါတောင်ရတာပဲလား!! ''

အချိန်တော်တော်ကြာသည်အထိ ဂျီမင်မျက်နှာတွေထိုင်ကြည့်နေပြီးဆံပင်တွေကိုသပ်တင်ပေးပြီးသည်နှင့် ဟိုဆော့ဘက် ထယ်ယောင်းလှည့်ကာပြောတော့ ဟိုဆော့ပြုံးသည်။ မသိရင်အနိုင်တွေရလိုက်သလို အပြုံးမျိုး။တစ်ဖက်ကဖြင့် စိတ်ထဲမရှိနေတာကို ။
ထိုပုံစံအပြုံးတွေကြောင့် ထယ်ယောင်းစူးစိုက်စွာပြန်ကြည့်လိုက်တော့ တည်တည်ငြိမ်ငြိမ်နှင့် ခပ်ပြုံးပြုံးဖြင့်။

''ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ကလက်ထပ်ဖြစ်ကြမှာပါ!!''

ထိုစကားကြောင့် တစ်ဖက်ကထယ်ယောင်းက ဟက်ခနဲလှောင်ကာရီသည်။ပိုင်ထားဖူးတော့ ပြောအားရှိလိုက်တာများ။

''ချစ်မှမချစ်တာ!! ပါ့ခ်ဂျီမင်ကကျွန်တော့ကိုပဲချစ်ခဲ့တာ... အခုလည်းသူ့စိတ်တိုင်းကျခနရှောင်ပေးလိုက်ရုံပဲ ...အချိန်တန်ရင် ကျွန်တော်တို့နှစ်ယောက်က အရင်လိုပြန်ဖြစ်သွားမှာပဲ ဂျောင်ဟိုဆော့''
.
.
.

ထပ်ကာထပ်ကာဒီစကားတွေချည်းနားထဲကြားနေရပြီး ဟိုဆော့သည်
ခြံဝန်းကြီးထဲက ခုံတန်းပေါ်လက်ပ်တော့တစ်လုံးပေါင်ပေါ်တင်ထားရက်နှင့် အတွေးတွေဟာ နစ်နစ်မွန်းမွန်း။
ဘေးနား မမဝင်ထိုင်လိုက်တော့မှ အသိကပ်တော့သည်။

_JK_ [yoonkook/jihope]Where stories live. Discover now