16

251 42 11
                                    

နိုဝင်ဘာလတွေထဲ ဒီနေ့ကပိုပြီးအေးစက်နေခဲ့တာပါ။
အမှန်တိုင်းပြောရရင်ကြောက်လို့ ပိုပြီးအေးစက်လာတယ်ဆိုပိုမှန်မယ်ထင်တယ်။

ဂျုန်းအဲ့လောက်ထိမရဲတင်းခဲ့ပါဘူး။
ကြောက်လွန်းလို့ လက်ချောင်းလေးတွေတောင် တုန်ခါနေတာ ကြည့်ပါဦးကိုကိုလို့တောင် ထိုးပြချင်မိတဲ့အထိပါပဲ။

ဒါပေမယ့်လှောင်နေတယ် ကိုကိုပါရောပြီးရီနေတယ်
အားတွေလျော့လိုက်တာများ ဂျုန်းအသက်တွေတောင်မရှူရဲခဲ့တော့ဘူး။

ဂျုန်းလက်တစ်ဖက်လှမ်းပေးရင်း ကိုကို့ပြန်အခေါ်ကိုစောင့်နေတုန်း။
အရင်လို ''ကိုကို့ဆီလာပါဦး''လို့ဆိုပြီး ရင်ခွင်ထဲထည့်ထားတာ လိုချင်နေပြီ။
ဒါပေမယ့် ကိုကိုကဂျုန်းကိုလှောင်နေတယ် ။
မချစ်နိုင်ဘဲနဲ့များ ဘာလို့မျှော်လင့်ချက်တွေပေးခဲ့တာလဲ ...။
ချစ်တာတွေခံစားမိရဲ့သားနဲ့လိမ်နေတာများ ။
အချစ်တစ်ခုကိုယုံဖို့ သေပြတဲ့
ဂျုန်းကတော့မလိမ်လို့ သေပြရဲတယ် ။

ခနေလးပါပဲ... ခနလေးနာကျင်မှု့ပြီးရင် အကုန်ပြီးဆုံးသွားမယ်မဟုတ်လား ။

သိပ်တောင်မကြာလိုက်ပါဘူး နာကျင်မှု့ကထိုးခနဲပဲ။

''ဟား...တကယ်ခုန်ချသွားပြီ... လုပ်ပါဦးနမ်ဂျွန် ''

ဟိုဆော့သည် ပြာပြာသလဲဖြင့်အော်ဟစ်ကာ အစွန်အဖျားနေရာကနေအောက်ကိုငုံကြည့်လိုက်သည်။
ငြိမ်သက်နေတဲ့ကိုယ်လေးကနေ တဖြည်းဖြည်းပြန့်ကားပြီးထွက်လာတဲ့သွေးတစ်ချို့နှင့်အတူ ဂျုန်းသည်ငြိမ်သက်နေ၏။

''လာ!!! မြန်မြန်လာတော့ ဟိုဆော့ ''

နမ်ဂျွန်ကဟိုဆော့လက်ကိုဆွဲရင်း ပြေးရန်ကြံသည်။
ဟိုဆော့သည် ယွန်းဂီအားကြည့်မိတော့ နေရာတစ်ခုကိုသာခပ်တွေတွေကြည့်ရင်း မျက်ရည်တွေစီးကျနေပြီး
လက်ချောင်းလေးတွေသည်တုန်ရီနေလျက်ဘောင်းဘီစတွေကိုဆုတ်ကိုင်ထားသည်။

''ယွန်းဂီ... လာ...''

''ထားခဲ့လိုက်တော့!!ဟိုဆော့!!!''

နမ်ဂျွန်အော်ဟစ်ရင်း ဟိုဆော့လက်ကိုမလွှတ်တမ်းကိုင်ထားသည်။ ဟိုဆော့ကတော့ငြိမ်နေပြီးအသံတိတ်ငိုနေတဲ့ယွန်းဂီကိုခေါ်ဖို့သာ အားသန်နေ၏။
အခြေအနေတွေသည် ရုန်းရင်းဆန်ခတ်ဖြစ်လျက်
ကြောက်စိတ်တွေ အားနာစိတ်တွေနဲ့အတူ ယှဉ်တွဲလျက်
ဟိုဆော့ဘဝမှာ ပထမဦးဆုံးအမှားတစ်ခုကိုလက်ခံမိလိုက်သည့်နေ့ပါပဲ။

_JK_ [yoonkook/jihope]Onde histórias criam vida. Descubra agora