23

351 50 48
                                    

''ဂျေကေအိမ်မလာတော့ပြန်ဘူး ..... ရန်ဖြစ်ကြပြန်ပြီလား။''

အလုပ်ကနားတဲ့အခန်းထဲ ဆိုဖာပေါ်ထိုင်ပြီးဖုန်းသုံးနေကြရင်းနဲ့ နမ်ဂျွန်က စတင်ပြီးပြောတော့ ဟိုဆော့ပါလက်ရှိအခြေအနေကိုသတိဝင်မိသည်။ နမ်ဂျွန်နဲ့လည်း မျက်နှာချင်းဆိုင်ဖို့ခက်ခဲနေပေမယ့် အလုပ်ကအလုပ်ပဲမဟုတ်လား။နမ်ဂျွန်ဘက်ကလည်းအကုန်ဆိုသလိုမသိလိုက်မသိဖာသာပြန်နေနေပေးတော့ သူ့ဘက်ကပဲအကဲပိုနေစရာမလိုတော့။ ဒီလောက်ကိုပဲ ဂျွန်ဆိုတာ သူ့အတွက်စိတ်သက်သာရာရအောင်နေပေးတက်တာပါ။
သူကလည်းအိမ်ပြန်မလာဘဲတိုက်ခန်းမှာပဲနေဖြစ်နေတာဆိုတော့ ဂျေကေပြန်မလာတာမသိလိုက်ဘဲ နမ်ဂျွန်ပြောကာမှယွန်းဂီအဖြေကိုစောင့်၏။

''အင်း...ရန်ဖြစ်ထားတယ်!!''

''ခနခနအဲ့လိုမလုပ်ပါနဲ့ ယွန်းဂီရာ!! ဂျေကေကတမင်ဆိုးပြနေတာ မင်းဘက်က လျော့မှပေါ့။နောက်တော့ပြတ်နိုင်တာလည်းမဟုတ်''

ထိုစကားကြောင့် ရီမိတာလား ဂျေကေ ​ပို့လိုက်တဲ့ပုံတွေကြောင့်ရီမိတာလားတော့မသိ ယွန်းဂီဒီတစ်ခေါက်ကတော့စိတ်လိုလက်ရရီမိတာပါပဲ။ ဒီကောင်တအားတွေဆိုးဝါးနေပြီ။

''ငါအပြင်ခနသွားမလို့!!''

''ဂျေကေ့ဆီလား!''

''အင်း''

''မကြာနဲ့ကွာ... အယ်လ်ဘမ်အသစ်ကထွက်တော့မှာ မင်းကိုဖမ်းမရဘဲဖြစ်နေမှာစိုးလို့!!အပြင်မှာတော့မအိပ်နဲ့ယွန်းဂီ''

''ချက်ချင်းပြန်လာမှာ ချက်ချင်းပြန်လာဖြစ်မှာ ...ရှင်းစရာလေးရှိနေလို့ ဂျွန်''

''အင်း''

ယွန်းဂီထွက်သွားသည့်အခါ နမ်ဂျွန်နဲ့ဟိုဆော့နှစ်ယောက်သာကျန်ခဲ့သည်။ နေရထိုင်ရခက်တော့ ဟိုဆော့သူ့ကိုယ်ပိုင်စတူဒီယိုအခန်းထဲသွားဖို့ပြင်လိုက်တော့သည်။ နမ်ဂျွန်နဲ့မျက်နှာချင်းမဆိုင်ရဲတာလည်းပါ၏။

''မရှောင်နဲ့ ဟိုဆော့!!''

ဆိုဖာပေါ်ကထလိုက်တာနဲ့ စာအုပ်ကနေအကြည့်မခွာဘဲနမ်ဂျွန်ဆိုတော့ ဟိုဆော့ ဆိုဖာပေါ်ပြန်ထိုင်လိုက်ရသည်။

_JK_ [yoonkook/jihope]Where stories live. Discover now