18

250 44 13
                                    

ရင်ခုန်စရာအရွယ်တွေကျော်ခဲ့ပါပြီ။
သူဟာဆယ်ကျော်သက်အရွယ်လည်းမဟုတ်တော့သလို အချစ်တွေဆိုတာဟာလည်း
တည်တည်ငြိမ်ငြိမ်ချစ်ဖို့သင့်ခဲ့ရက်သားနဲ့ ဂျုန်းနဲ့များဆုံမိလိုက်ရင် အချစ်တွေဟာဖျက်ဖျက်ကိုလူး ၊
သူ့ရဲ့စိတ်ကစားမှု့ဟာ ဆယ်ကျော်သက်ရင်ခုန်သံတွေနဲ့ထပ်တူညီနေခဲ့တယ်။

ဂျုန်းက ဒီလိုဆိုတိုင်းလည်း ကကြိုးခုနှစ်သွယ် ခုနှစ်ရာ အစုံကြိုးကိုင်တက်တာတောင်မဟုတ် ခင်ဗျားပေါင်းထပ်ပြီးရိုင်းရိုင်းစိုင်းစိုင်းလေးရယ် ။ ဒါတွေကိုပဲမက်မောတာပါဆိုအရင်က မင်ယွန်းဂီကရီမှာပေါ့။ အရင်ကမင်ယွန်းဂီကဘယ်လိုပုံမျိုးမို့ သေးသေးတင်တောင်မခံတက်တဲ့ ချေချေမိုးမိုးနဲ့လူမဟုတ်လား။

မာနတွေဘယ်မှာလဲဆို ဂျုန်းဆီမှာဆိုမထားတက်တော့တာပါ။
အရှက်တွေ သိက္ခာတွေရောဆိုရင် လိုလို့လားလို့တောင်ပြန်မေးမိမယ်ထင်တယ်။

ဂျုန်းဆိုးရင်း လိုက်ထိန်းပေးမှာတော့မဟုတ် ဂျုန်းဆိုးရင်ပိုဆိုးဖို့ပဲအားပေးတက်တဲ့မင်ယွန်းဂီဖြစ်လာပြီ။
ဂျုန်းကဒါဆို ဟိုဟာပါလိုမပြောရဲတဲ့ မင်ယွန်းဂီဖြစ်လာပြီ။

ဂျုန်းကပဲလက်ရှိပစ္စုပ္ပန်
ဂျုန်းကပဲအနာဂတ်
ဂျုန်းဆီမှာပဲ ဘဝကိုအပိုင်ပေးထားတော့ ဂျုန်းတိမ်းသလိုလိုက်ညွှန့်လိုက်ရုံပဲ။
ဂျုန်းကိုပဲ မင်ယွန်းဂီဆိုတဲ့သူကမျက်နှာမူထားတော့တာပါ။

''ခင်ဗျားမြင်လိုက်သင့်တာ ပထမပွဲမှာတင်ပဲဂျေကေတို့အကုန်ပွဲသိမ်းပေးလိုက်တာ.... ဟားဟား... အဲ့ဝိုင်းကကောင်တွေမျက်နှာကို ဓာတ်ပုံရိုက်ပြီး IGပေါ်တောင်ကောက်တင်ပစ်လိုက်ချင်တာ ''

''အဲ့လောက်တောင်လား ဂျုန်းရ... ဆရာကြီးဖြစ်နေပါရောလား ''

''နိုင်တာ နိုင်တာဆိုတာ ဂျေကေ့ညပဲ ''

ကုတင်ပေါ် ခြေပစ်လက်ပစ်ဖြင့် လောင်းကစားဝိုင်းကဖြစ်ပျက်ပုံတွေကို အသေးစိတ်ကအစ အားကျိုးမာန်တက်ပြောပြနေပုံသည် အရင်ဂျုန်းပုံစံတော့မဟုတ်။
ဒါ ဂျေကေ့ပုံတွေပါပေါ့။
ဂျုန်းဆိုတာ စကားကိုလေးလုံးတောင်မကွဲ
သိပ်မပြောတက်တဲ့ ၁၆နှစ်သားလေးမဟုတ်လား။
ဒါလေးကတော့ တကယ်ဂျေကေ့ပုံစံတွေပါပဲ။

_JK_ [yoonkook/jihope]Where stories live. Discover now